Xiao Zhan
Yibo တစ်ကယ်တော့ ငါတို့နှစ်ယောက်လုံး မှားခဲ့ကြတာကွ မင်းလည်း မင်းအဖေစကားကို နားမထောင်ခဲ့သင့်သလို ငါလည်း လက်မခံခဲ့သင့်ဘူး......YiBo
ကျွန်တော် မမှားခဲ့ဘူး xiaozhan ဘာလို့လဲဆိုကျွန်တော် ဘယ်သူ့စကားမှ နားမထောင်ခဲ့ဘူး ကျွန်တော့် စကားပဲကျွန်တော်နားထောင်ခဲ့တာ....ကျန်းချန်
ဒီကမ္ဘာကြီးမှာ ဘယ်သူပဲဖြစ်နေဖြစ်နေ အတူတူနေတာကြာရင် သံယောဇဉ်ဆိုတာ ရှိကြစမြဲပဲ...
ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်က လိုတာထက်ပိုတဲ့ သံယောဇဉ်....ဝမ်ချင်း
ဘယ်သူမှားတယ်မှန်တယ်ဆိုတာထက် ဘယ်သူကဘယ်သူ့ကိုချစ်တယ်ဆိုတာ ကျွန်မ အဖြေရှာမရဘူး.....ဝိမ်နင်း
မှားတာတွေ မှန်တာတွေကျွန်တော် မသိပေမဲ့ သူတို့နှစ်ယောက်အကြောင်းကိုတော့ကျွန်တော်ကောင်းကောင်းသိတယ်....မျမ်မျမ်
ငယ်ငယ်ကသံယောဇဉ်ကြောင့် သူကျွန်မကို သိပ်ချစ်မယ် ထင်ထားခဲ့တာ....... ဒါပေမဲ့ ကျွန်မ ကျေနပ်ပါတယ် ကျွန်မအချစ်ဆုံးသူ ပျော်နေတာကြည့်ပြီး စိတ်ချမ်းသာပါတယ် .......-----------------------------------------------------------
Xz ကားလေးကို ကျယ်ဝန်းပြီးသန့်ရှင်းသပ်ရပ်နေသော ခြံကျယ်ကြီးထဲသို့ တစ်ဖြေးဖြေးမောင်းဝင်လာခဲ့သည်။ဒီနေ့က သူ့ရဲ့အလုပ်ပထမဆုံးနေ့ ။ဒီအလုပ်ကို ခုလက်ရှိစုံထောက်အလုပ်ထက် သဘောမကျပါသော်လည်း ဝမ်ချင်းနှင့် လက်မထပ်ချင်၍သာ လက်ခံလိုက်သည်သာ။
ခြံထဲကို ဝင်လိုက်သည်နှင့် လက်ဆက်သော လေကိုရှူရှိုက်မိလိုက်သည်။ လမ်းတစ်လျှောက်မှာလည်း သစ်ပင်များတန်းဆီ စိုက်ထားသည်။ သစ်ပင်ပန်းပင်များနှင့် အစိန်းရောင်ပန်းချီကားကြီးတစ်ချပ်ထဲသို့ ရောက်သွားသလို။
ခြံကျယ်ကြီးထဲကို မျက်စိကစားကြည့်ရင်း သစ်ပင်တွေရဲ့ တစ်ဖက်ခြမ်းရှိ လူသွားလမ်းလေးမှာ စကိတ်စီးနေသော ကောင်လေးတစ်ယောက်ကို သတိထားမိသွားသည် ။
အနည်းငယ် လှမ်းသောကြောင့် မျက်နှာကိုသေချာမမြင်ရသော်လည်း နေရောင်ထဲတွင် ထိုကောင်လေးမှာ အင်္ကျီအဖြုရောင် စပို့ရှပ်လေးနှင့် မျက်စိစူးအောင် တောက်ပြောင်နေသည် ။
BẠN ĐANG ĐỌC
လူဆိုးလေးရဲ့ သက်တော်စောင့် (Completed)
FanfictionXiao Zhan မင်းနဲ့ ငါက အစကတည်းက မဆုံခဲ့သင့်ဘူး yibo... ခုတော့... Yibo ကျွန်တော် ခင်ဗျားကို ချစ်တာပဲသိတယ် xz...... ရှင်တို့ကို ချစ်လွန်းလို့ ကိုယ့်ရဲ့ရေးဖြစ်ခဲ့သော မတောက်တခေါက်စာများ.....(တခါမှ မရေးဖူးတဲ့အတွက် အမှားပါရင်ခွင့်လွှတ်ပါ fanfic အနေနဲ့သာဖတ...