ဒါလေးက ending ကိုသိပ်နားမလည်ကြဘူးပြောလို့ပါ
ပြန်ရှင်းပေးပါ့မယ်နော်....
ရှေ့တပိုင်းရဲ့ ending လေးပဲ ကြိုက်တယ်ဆို ဒီအပိုင်း မဖတ်ပါနဲ့နော်..... 😢
...........................................................
ကျန်းချန် တို့လေးယောက်သား လှေကားပေါ်က ကျသွားတဲ့ xz နဲ့ yibo ကို ကြည့်ပြီး စိုးရိမ်သွားခဲ့ကြကာ အပြေးကလေးသွားထူခဲ့ကြပေမဲ့...နှစ်ယောက်လုံးက သတိလစ်နေခဲ့ကြပါသည်...။
"ကျန်းချန်... ဘာလုပ်နေတာလဲ...ဆေးရုံကားခေါ်လေ.."
ကျန်းချန်လည်း ဝမ်ချင်းလှမ်းပြောလိုက်မှ အသိဝင်လာကာ ဆေးရုံကားကိုဖုန်းဆက်ခေါ်လိုက်သည်...။
ခန်းမတစ်ခုလုံးက လူတွေ အုံးအုံးကြွက်ကြွက် ဖြစ်ကုန်ကြပြီး xz နဲ့ yibo ဘေးမှာ ဝိုင်းနေတာကြောင့်..."တောင်းပန်ပါတယ်...ဘေးဖယ်ပေးကြပါ... သား...yibo"
လန်ဖုန်းရွှီး သူ့သားကို စိတ်ပူပြီး အနားကပ်ကာ ပွေ့ဖက်ချင်ပေမဲ့ ရဲတွေက လက်ထိပ်ခတ်ထားပေးသည့်အပြင် သူ့ကို ချုပ်ကိုင်ထားတာကြောင့် အနားတိုးခွင့်ပင်မရ...။
"ဝမ်ချင်း....ဖယ်...ငါစမ်းသပ်ကြည့်မယ်.."
မျမ်မျမ် သူတို့လက်က သွေးကြောလေးတွေစမ်းသပ်ကြည့်တော့ မူမမှန်တာတွေ့တာကြောင့်....
"ငါတို့.. သူတို့ကို ဆေးရုံအမြန်ပို့မှရမယ်...နှစ်ယောက်လုံးသွေးပေါင်တွေကျနေတယ်...အရမ်းစိုးရိမ်ရတယ်"
"ဘာ.. ဒါဆို ဘယ်လိုလုပ်မလဲ...."
"ဆေးရုံကားရောက်မှဆို နောက်ကျကုန်မယ်....ခုပဲသွားရအောင်...လာ....ကျန်းချန်နဲ့ ဝိန်နင်းသူတို့ကို ကုန်းပိုးပြီးခေါ်ခဲ့ပေး..."
မျမ်မျမ်ပြောသလို သူတို့ကို ကုန်းပိုးပြီးခေါ်မယ်ပြင်လိုက်တော့...
"ဟင်..သူတို့လက်က ဖြုတ်လို့မရဘူး..."
"ဘာ...ဖယ်..ကျွန်မကြည့်မယ်....."
ဝိန်နင်းပြောသလို ပင် လက်က တွဲလျက်သား ဖြုတ်လို့မရ...ဖယ်လို့မရပဲဖြစ်နေသည်...။ဝမ်ချင်းနဲ့ မျမ်မျမ် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြရင်း...သတိမေ့နေတဲ့ သူတို့နှစ်ယောက် နားနားလေးကို တစ်ခုခုပြောလိုက်ကာ လက်ဖယ်ကြည့်လိုက်တော့...
YOU ARE READING
လူဆိုးလေးရဲ့ သက်တော်စောင့် (Completed)
FanfictionXiao Zhan မင်းနဲ့ ငါက အစကတည်းက မဆုံခဲ့သင့်ဘူး yibo... ခုတော့... Yibo ကျွန်တော် ခင်ဗျားကို ချစ်တာပဲသိတယ် xz...... ရှင်တို့ကို ချစ်လွန်းလို့ ကိုယ့်ရဲ့ရေးဖြစ်ခဲ့သော မတောက်တခေါက်စာများ.....(တခါမှ မရေးဖူးတဲ့အတွက် အမှားပါရင်ခွင့်လွှတ်ပါ fanfic အနေနဲ့သာဖတ...