ကျွန်တော်ဘက်က အရင်စပြီး ကတိမတည်နိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်
xiaozhan..WangYibo....
...........................................................မင်းဘက်ကပဲ စတင်ခဲ့ပြီး ခု မင်းဘက်ကပဲ အဆုံးသတ်တော့မယ်ပေါ့.... ငါနားလည်ပါတယ် yibo
ငါခွင့်လွှတ်တယ်ဆိုရင် မင်း ငါ့ဆီပြန်လာအုံးမှာလား...?XiaoZhan...
...........................................................
"အဖေ..အဖေ.."
Yibo ပြိုင်ပွဲကနေ သူ့အဖေဆီကို တန်းလာခဲ့လိုက်ပြီး ဝမ်ချောင်ပြောတာတွေဟုတ်လား မဟုတ်လား သူသိချင်နေသည်...။ကျေးဇူးပြုပြီး မဟုတ်ပါစေနဲ့..လို့ပဲ အကြိမ်ကြိမ်ဆုတောင်းနေပေမဲ့...
"သခင်လေး...သမ္မတကြိး အစည်းအဝေးလုပ်...".
အတွင်းရေးမှုးမလေးတားနေတာကိုပင် ဂရုမစိုက် တံခါးကို ဖွင့်ပြီး အထဲဝင်သွားလိုက်တော့... အားလုံးရဲ့အကြည့်တွေက သူ့ဆီဦးတည်လျှက်....ခုချိန်မှာ အရေးကြီးဆုံးက ဝမ်ချောင်စကားမှန်လား မှားလား သိချင်နေသည်သာ အဓိကမို့ လူကြားထဲလည်းမရှောင်တော့...
"အဖေ....ဝမ်ချောင်ပြောတာအမှန်တွေလား..."
သမ္မတလန်ဖုန်းရွှီးကတော့ လူတွေကြားထဲသူ့ကိုအတင်းမေးနေတာကြောင့် ဘာမေးမှန်း နားလည်သော်လည်း မဖြေချင်ခဲ့...
"မင်း...ဘာကိုပြောနေတာလဲ...အရေးမကြီးရင် ခဏနေမှပြောရအောင်.."
"မရဘူး...အရေးကြီးတယ်... အဖေ..xz တို့ မိဘ..."
"WangYiBo.."
သမ္မတကြီး ဒေါသထွက်သွားပြီး yiboစကားမဆက်နိုင်အောင် အော်ပြီး သတိပေးလိုက်ရင်း yibo လက်ကိုဆွဲကာ...လူရှင်းတဲ့နေရာ တစ်ခုကို ဆွဲခေါ်သွားခဲ့သည်...။
"မင်းရဲ့ကိစ္စက ငါ့ရဲ့ ဂုဏ်သိက္ခာ ထက် အရေးကြီးလား.. ဟမ်......မင်းလူမှုရေးနားမလည်ဘူးလား..."
"ဒါဆို...xz မိဘတွေသေဆုံးမှုကအရေးမကြီးဘူးပေါ့....သူတို့ကိုသတ်ပြီးမှ ရတဲ့ ဒီရာထူးကအရေးကြီးနေတာလား အဖေ......ဘာ့ကြာင့် လဲ....ဘာ့ကြောင့် ဒီလိုလုပ်ခဲ့ရတာလဲ... ကျေးဇူးပြုပြီး လိမ်နေတာလို့ပြောပေးပါ.... "
YOU ARE READING
လူဆိုးလေးရဲ့ သက်တော်စောင့် (Completed)
FanfictionXiao Zhan မင်းနဲ့ ငါက အစကတည်းက မဆုံခဲ့သင့်ဘူး yibo... ခုတော့... Yibo ကျွန်တော် ခင်ဗျားကို ချစ်တာပဲသိတယ် xz...... ရှင်တို့ကို ချစ်လွန်းလို့ ကိုယ့်ရဲ့ရေးဖြစ်ခဲ့သော မတောက်တခေါက်စာများ.....(တခါမှ မရေးဖူးတဲ့အတွက် အမှားပါရင်ခွင့်လွှတ်ပါ fanfic အနေနဲ့သာဖတ...