ငါ မင်းဆီ ရောက်တဲ့အချိန်ကစပြီး ကိုယ့်စိတ်ကို မပိုင်တော့သလို ခံစားရတယ်.......
Xiao Zhan....
---------------------------------------------------------
တောင်ဆင်းလမ်း လေးတစ်လျှောက်တွင် ကားလေးတစ်စီး တစ်ရိပ်ရိပ်နဲ့ ပြေးနေသည် ။ အချိန်က ညနေစောင်းလေး ။ ကားထဲတွင် 7 နှစ်အရွယ် ကလေးလေးတစ်ယောက် ။ 35 နှစ်အရွယ် အမျိုးသမီးတစ်ယောက် ။ကားဒါရိုက်ဘာ အပါအဝင် သုံးယောက်တိတ်ဆိတ်စွာလိုက်ပါလာသည် ။ 7 နှစ်အရွယ် ကလေးလေးက တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သည်။"မား ပါပါးက ဘာလို့ လိုက်မလာတာလဲ "
အမျိုးသမီးက ကလေးခေါင်းကို ခပ်ဖွဖွလေးကိုင်လိုက်ပြီး....
"အလုပ်ကိစ္စတစ်ခုပေါ်လာလို့ သားရဲ့.... ဟိုရောက်ရင် ဓာတ်ပုံတွေရိုက်ပြီး မင်းအဖေကို လှမ်းကြွားကြတာပေါ့ ok.. "
အမေဖြစ်သူအပြောကို ကလေးက သဘောကျစွာ ပြန်ပြုံးပြပြီးခေါင်းငြိမ့်လိုက်သည်။
အမှန်တော့ ဒီနေ့က yibo လေး 7 နှစ်ပြည့်မွေးနေ့လေးပါ ။
မိသားစု စုံစုံညီညီနဲ့ ကမ်းခြေပျော်ပွဲစားထွက်ရန် စီစဉ်ထားသော်လည်း ရိပေါ်အဖေ ကအလုပ်ကိစ္စတစ်ခုပေါ်လာတာကြောင့် ကျန်ခဲ့ခြင်းဖြစ်သည်။
ရုတ်တရက် မောင်းလာရင်း ကားကမူမမှန်တာကြောင့် ရိပေါ်အမေ စိုးရိမ်တကြီး မေးလိုက်သည်။"ဦးလေး ကားကဘာဖြစ်တာလဲ "
"ဘရိတ်မမိတော့ဘူးထင်တယ် ဆရာကတော် "
"ဘာ အဲတာဆို ဘယ်လိုလုပ်မလဲ ဦးလေး "
ဘယ်ညာရိမ်းထိုးနေသော ကားကို ကြည့်ပြီး ရိပေါ်ကြောက်နေမိသည်။
"မေမေ သားကြောက်တယ် "
"မကြောက်နဲ့ သား မေမေရှိတယ် " ပြောပြောဆိုဆို ရိပေါ်ကိုရင်ခွင်ထဲထည့်ထားလိုက်သည် ။
ပြောသာပြောရတာ သူမလည်း ထိတ်လန့်မှုက အဆုံးမရှိ ။
လမ်းက တောင်ဆင်းလမ်းဖြစ်သည့်အပြင် အကွေ့အကောက်များသောကြောင့် ကားလေးမှာ ဘယ်လိုမှ ထိန်းမရဖြစ်နေသည်။ထိုအချိန် ရှေ့မှ ရုတ်တရက် ထွက်ပေါ်လာသော ကားလေးတစ်စီး ။ မျက်နှာချင်းဆိုင်သလိုဖြစ်သွားပြီး ဝုန်း ဆိုသောအသံနဲ့အတူ ဘာမှမမြင်တော့ပဲ အကုန်လေထဲမြှောက်သလို ခံစားလိုက်ရသည်။
YOU ARE READING
လူဆိုးလေးရဲ့ သက်တော်စောင့် (Completed)
FanfictionXiao Zhan မင်းနဲ့ ငါက အစကတည်းက မဆုံခဲ့သင့်ဘူး yibo... ခုတော့... Yibo ကျွန်တော် ခင်ဗျားကို ချစ်တာပဲသိတယ် xz...... ရှင်တို့ကို ချစ်လွန်းလို့ ကိုယ့်ရဲ့ရေးဖြစ်ခဲ့သော မတောက်တခေါက်စာများ.....(တခါမှ မရေးဖူးတဲ့အတွက် အမှားပါရင်ခွင့်လွှတ်ပါ fanfic အနေနဲ့သာဖတ...