xz တစ်ယောက် စခန်မှူးဝမ် ဈာပန ကိစ္စနဲ့ပတ်သက်ပြီး အလုပ်ရှုပ်နေတာကြောင့် yibo ဆီကို တစ်ပါတ်လုံး မပြန်လာဖြစ်ခဲ့ပါဘူး..။ သူမပြန်ဖြစ်သလို yibo ကလည်း သူ့ဆီ မသွါးဖြစ်ခဲ့ပါ...။
ဟိုနေ့က စကားများခဲ့ပြီးကတည်းက ဖုန်းနဲ့တောင် လှမ်းဆက်ပြီး စကားမပြောဖြစ်ခဲ့ကြပါဘူး...။
နှစ်ယောက်လုံး အဆက်အသွယ်မလုပ်ဖြစ်ခဲ့ကြပေမဲ့ သူတို့ရဲ့ သတိရစိတ်တွေကတော့ ပါးစပ်ကထုတ်မပြောဖြစ်ကြတောင် ဘယ်လောက် လွမ်းနေကြတယ်ဆိုတာ သူတို့ကိုယ်တိုင်ပဲ သိကြပါလိမ့်မယ်။"သခင်လေးဝမ်...နေမကောင်းဘူးလား...ခုတလော မျက်နှာမကောင်းဘူး...အစားလည်းသိပ်မစားဘူး..."
အပေါ်ထပ်ကနေ skateboad ကိုင်ပြီး ဆင်းလာတဲ့ yibo ကို အိမ်တော်ထိန်းချန် ဆီးကြိုပြီး စိတ်ပူစွာနဲ့ မေးမိလိုက်သည်။
"မဟုတ်ပါဘူး..ကောင်းတယ်..."
"ဒီနေ့ရော...စားမှာလား..."
"မစားဘူး.."
"ဒါဆို သခင်လေး...."
မေးတာကိုပဲပြန်ဖြေ စကားကို အပိုအလိုမပြောပဲ ထွက်သွားတဲ့ yibo ကျောပြင်ကိုငေးကြည့်ပြီး အိမ်တော်ထိန်းချန် စိတ်လေးနေမိသည်။ xz အိမ်ကိုပြန်သွားပြီးကတည်းက သူ အစားလည်းကောင်းကောင်းမစားသလို အိမ်လည်း နောက်ကျမှ ပြန်တတ်တယ်လေ...။ သူမလည်း xz နဲ့ yibo ရဲ့ဆက်ဆံရေးကို တဖြေးဖြေးရိပ်မိလာသလိုပင်...။ ဝမ်ချင်းပြောတာတွေကို ခုမှ သဘောပေါက်မိသလို...။ ဒါပေမဲ့ မသေချာမရေရာတဲ့ အရာတစ်ခုကို မျက်စိနဲ့ မမြင်ရသေးသ၍
သူမ မဖြစ်နိုင်ပါဘူးလို့ တွေးပြီး လုပ်စရာရှိတာများကို ဆက်လုပ်နေလိုက်သည်။........................................................................
"Yibo.. မင်းနေမကောင်းဘူးလား...ဒီတစ်ပါတ်အတွင်းတော်တော်ပိန်သွားတယ်..."
ကြည့်လိုက်တိုင်း အရင်ကလို မလန်းဆန်း မတက်ကြွပဲ သူန်မှုန်နေတာကို ဝိန်နင်းသတိထားမိခဲ့တာကြပါပီ... ။ဘာ့ကြောင့်လဲလို့တော့ သူမမေးဖြစ်ခဲ့ပါ....။အကြောင်းအရင်းကတစိခုပဲလေ...
"မင်း..xz ကိုသတိရနေတာမဟုတ်လား.. "
သူမေးတာကို yibo ပြန်မဖြေခဲ့ပေမဲ့...အဖြေကတော့ ဝိန်နင်းသိပြီးသားပါ...
YOU ARE READING
လူဆိုးလေးရဲ့ သက်တော်စောင့် (Completed)
FanfictionXiao Zhan မင်းနဲ့ ငါက အစကတည်းက မဆုံခဲ့သင့်ဘူး yibo... ခုတော့... Yibo ကျွန်တော် ခင်ဗျားကို ချစ်တာပဲသိတယ် xz...... ရှင်တို့ကို ချစ်လွန်းလို့ ကိုယ့်ရဲ့ရေးဖြစ်ခဲ့သော မတောက်တခေါက်စာများ.....(တခါမှ မရေးဖူးတဲ့အတွက် အမှားပါရင်ခွင့်လွှတ်ပါ fanfic အနေနဲ့သာဖတ...