Xiao Zhan ခင်ဗျားသိလား ကျွန်တော် ခင်ဗျားအပေါ် လဲကျသွားချိန်တုန်းက ခင်ဗျားရဲ့ ရင်ခွင်က နွေးထွေးလိုက်တာ ကျွန်တော့အမေရဲ့ ရင်ခွင်နဲ့ သိပ်တူတာပဲ .....အဲ့နေ့ကတည်းက ကျွန်တော့ရဲ့ (ခံစားချက်) စတင်ခဲ့တယ်ဆိုလည်း မမှားပါဘူး............
Wang Yi Bo....
--------------------------------------------------------"သမ္မတကြီးရှင့် အမက်ဖန်းက တွေ့ခွင့်တောင်းနေပါတယ် "
အတွင်းရေးမှူးမလေး ရဲ့ ခွင့်တောင်းမှုကို
သမ္မတ လန်ဖုန်းရွှီးတစ်ချက် စဉ်းစားလိုက်ပြီး စိတ်ရှုပ်သွားသည် ။ ဘာလာလုပ်ပြန်ပီမသိ အစည်းအဝေးရှိတယ်လည်း ပြောမထား..။"ကောင်းပြီ...ဝင်ခွင့်ပြုလိုက်ပါ "
သူ့စကားပင်မဆုံးသေး
"ဟား...လန်ဖန်းရွှီး အော် ဆောရီး လန်သမ္မတကြီး "
သူ့ကို ခနဲ့သလို လှောင်သလိုနဲ့ ဝင်လာသော အမက်ဖန်းကို သူ ပြုံးပြုံးလေးနဲ့ပြန်နုတ်ဆက်လိုက်သည် ။
"ဖန်း အမက် ဒီကိုဘာကိစ္စနဲ့...."
"အော် ကိစ္စတော့ မရှိပါဘူး နောက်ကျရင် ကျုပ်လည်း ခင်ဗျားနေရာယူရတော့မှာဆိုတော့ လေ့လာတဲ့သဘောပေါ့ ဟင်းဟင်း.. "
သမ္မတကြီးကတစ်ချက် မသိမသာ ပြုံးလိုက်ကာ ဘာမှပြန်မပြောပဲ
ဆက်နားထောင်နေသည်။"ဒါနဲ့ စည်းကမ်းချက် အသစ်ထုတ်ထားတာ ဆန်းလှချည်လားဗျ " ဘာတဲ့ BL (boy love) တွေ ခွင့်မပြုဆိုလား ....ဘာလဲ ခင်ဗျား ဟိုးနှစ်ပေါင်းနှစ်ဆယ်ကျော်က ကိစ္စကို ခုထိမမေ့သေးဘူးဆိုပါတော့... ဟင်း ..ဟင်း.."
သမ္မတလန်ဖုန်းရွှီး မျက်နှာတစ်ချက်ပျက်သွားပြီး ဟန်မပျက်ထိန်းကာ....
"အဲဒီ့ကိစ္စနဲ့ ဘာမှမပတ်သက်ဘူး... "
"အော်.. ဟုတ်လား ဒါပေမဲ့ခင်ဗျားမမေ့ပါနဲ့ အဲဒီကိစ္စသာပေါ်သွားရင် ခင်ဗျားဒီနေရာမှာ ဆက်ရှိနေမှာမဟုတ်ဘူး... "
အမက်ဖန်းရဲ့စကားကြောင့် သမ္မတ လန်ဖုန်းရွှီး သူ့ကို သေချာစိုက်ကြည့်နေမိသည်။
"ဒါနဲ့ ခင်ဗျား သားအတွက် သက်တော်စောင့် ခေါ်ထားသေးတယ်ဆို သူက ဘယ်သူရဲ့သားဆိုတာ ခင်ဗျားသိလား..."
YOU ARE READING
လူဆိုးလေးရဲ့ သက်တော်စောင့် (Completed)
FanfictionXiao Zhan မင်းနဲ့ ငါက အစကတည်းက မဆုံခဲ့သင့်ဘူး yibo... ခုတော့... Yibo ကျွန်တော် ခင်ဗျားကို ချစ်တာပဲသိတယ် xz...... ရှင်တို့ကို ချစ်လွန်းလို့ ကိုယ့်ရဲ့ရေးဖြစ်ခဲ့သော မတောက်တခေါက်စာများ.....(တခါမှ မရေးဖူးတဲ့အတွက် အမှားပါရင်ခွင့်လွှတ်ပါ fanfic အနေနဲ့သာဖတ...