Part 25

7.1K 504 53
                                    

ဒီနေ့က မင်္ဂလာရှိတဲ့နေ့လေးပေါ့......ဒါပေမဲ့ ကျွန်တော်တို့အတွက် မဟုတ်ခဲ့ပါဘူး....

WangXian......

...........................................................

မင်္ဂလာခန်းမကြီး..

အရမ်းကိုကျယ်ဝန်းပြီးတော့ အဖြူရောင် နှင်းဆီတွေနဲ့ တစ်ခန်းလုံးပြည့်အောင် အလှဆင်ထားတယ်လေ...ရနံ့တွေကလဲ လာတဲ့ဧည့်သည်မှန်သမျှ စိတ်ကြည်နူးသွားမိအောင် လန်းဆန်းမွှေးကြိုင်နေခဲ့သည်..။ ဒီပွဲက သမ္မတရဲ့ သားဖြစ်သူ မင်္ဂလာပြွဲဖစ်တဲ့အတွက် ဘယ်လောက် ခမ်းနားလိုက်မလဲဆိုတာ ပြောစရာလိုမယ်မထင်...။

xz ခန်းမထဲ ဝင်ဝင်ချင်းမှာပဲ အဖြူရောင်နှင်းဆီတွေကိုတွေ့တော့ ပြုံးမိသွားတယ်ခဲ့တယ်..။ သူ့ကို လာကမ်းပေးတဲ့ နှင်းဆီတစ်ပွင့ိကိုယူပြီး နမ်းရှိုက်လိုက်တော့...သူ့ကို မွှေးပျံ့စေမဲ့အစား ဘာလို့နှလုံးသားက နာကျင်နေပါလိမ့်...။

မင်း ငါ့ကို မမေ့ဘူး ချစ်သေးတယ်ဆိုတာ ဒီပန်းတွေနဲ့ မညာတတ်တဲ့ မင်းရဲ့မျက်ဝန်းက သက်သေပဲ yibo... ။ အဖြူရောင်နှင်းဆီရဲ့ အဓိပ္ပါယ်က မင်းကိုမမေ့နိုင်သေးဘူးတဲ့လေ..။

သူ လမ်းမလျှောက်နိုင်တာကြောင့် ဝှီးချဲအကူအညီနဲ့ပဲ ဝမ်ချင်းတို့က တွန်းပေးပြီး ရောက်လာခဲ့ခြင်းဖြစ်သည်...။ ကျန်းချန်ကတော့ စခန်းမှာ အရေးကြီးကိစ္စရှိတာနဲ့ မင်္ဂလာပွဲကိုမလာဖြစ်ခဲ့...။

ဆရာဝန်နဲ့ ဝမ်ချင်းတို့က မသွားခိုင်းသော်လည်း သူ့အချစ်ဆုံးရဲ့ မင်္ဂလာပွဲကို သူကိုယ်တိုင်ဖိတ်ထားတာဆိုတော့ xz ရင်နာနာနဲ့ပဲ လာခဲ့လိုက်တယ်လေ... ။ ငါ မင်းရဲ့ မင်္ဂလာပွဲကို မသေခင်တက်ခွင့်ရတာ ဘယ်လောက်ကံကောင်းလဲ yibo။

"xz ကိုကို ဒီမှာ အိမ်တော်ထိန်းတို့နဲ့ ခဏနေခဲ့အုံးနော် ကျွန်မ မျမ်မျမ်ဆီ သွားတွေ့လိုက်အုံးမယ်.."

"ဝမ်ချင်း..မင်းသူ့ကို စိတ်ဆင်းရဲစေမဲ့ စကားလုံးတွေ သွားမပြောပါနဲ့နော်...သူ့မင်္ဂလာပွဲမှာ ပျော်ရွှင်နေပါစေ.."

အော်...xz ရယ်... ။ရှင့်ကိုကြည့်ပြီး ကျွန်မ ရင်တွေလည်း အရမ်းနာကျင်ရပါတယ်... ဘယ်လိုပြောလိုက်တာဟင်...ဘာလို့အဲ့လောက်တောင် သဘောထားကြီးရတာလဲ.. xz ရှင် မခံစားရဘူးလား...ရှင့်လူက သစ္စာဖောက်သွားတာကို ရှင်ခွင့်လွှတ်ပေးနေတာလား....။ ဒီစကားတွေကို ရှင့်ကို အော်ပြောပစ်ချင်ပေမဲ့...ကျွန်မ....

လူဆိုးလေးရဲ့ သက်တော်စောင့် (Completed)Hikayelerin yaşadığı yer. Şimdi keşfedin