ကျွန်တော် အသက်ရှင်ဖို့နဲ့ သူပျော်ရွှင်ဖို့အတွက် ဆုတစ်ခုသာလျှင် ရွေးချယ်ပါဆိုရင် ကျွန်တော် သူပျော်ရွှင်ဖို့ ရွေးချယ်လိုက်ပါ့မယ်.....
Xiao Zhan......
-----------------------------------------------------------
ကျွန်တော်တို့နှစ်ယောက် ရယ်ရယ်မောမောနဲ့ အပေါ်ထပ်ကဆင်းလာတာမြင်တော့ အိမ်တော်ထိန်းချန်တောင် အံ့သြ သွားလေရဲ့ ။ဟုတ်တယ်လေ yibo သူ 7 နှစ်ပြည့်မွေးနေ့ကစပြီး မွေးနေ့တိုင်းကို အထီးကျန်စွာနဲ့ ဖြတ်သန်းခဲ့ရတဲ့နှစ်ပေါင်း မနည်းတော့ ခုဆို သူ 23 နှစ်ပြည့်ပြီလေ ။ ဒီနေ့ yibo မွေးနေ့ဆိုတာ သူလည်းသိပါတယ် ။ဒါပေမဲ့ ခုလိုကလေးလေးတစ်ယောက်လို ပျော်နေတာမြင်တာတော့ ဒါဒုတိယအကြိမ်ပေါ့နော်..... ။သူလည်း ခုလို ဖြူစင်ပြီး ကလေးတစ်ယောက်လိုရယ်မောနေတဲ့ yibo ပုံလေးကို မမြင်ခဲ့တာကြာပီလေ..... ။ ဒီလိုလေးပဲ မြင်ချင်ပါတယ် သခင်လေး ဝမ်ရယ်...."Happy Birthdayပါ ဝမ်သခင်လေး..."
အိမ်တော်ထိန်းချန်ရဲ့ bdw လုပ်တာကို yibo နှစ်လိုဖွယ် အပြုံးလေးနဲ့ ပြန်အသိအမှတ်ပြုလိုက်ပြီး အိမ်တော်ထိန်းချန်ကို နွေးထွေးစွာဖက်ပေးလိုက်သည်။ သူမ ဝမ်းသာပြီး မျက်ရည်များ မထိန်းနိုင်တော့ပဲ ပါးပြင်ကို စီးကျလာသောကြောင့်.....
"အို တောင်းပန်ပါတယ် ဒီလိုပျော်ရွှင်စရာနေ့မှာ..."
သူမ ပြောရင်းနဲ့ မျက်ရည်များ ကို လက်နဲ့ခပ်ကြမ်းကြမ်းသုပ်ပစ်လိုက်တာကြောင့် yibo စိတ်မကောင်းဖြစ်သွားကာ သူ့လက်လေးနဲ့ အသာအယာ ပြန်သုပ်ပေးလိုက်ပြီး .....
"စိတ်မကောင်းမဖြစ်ပါနဲ့.... ကျွန်တော် ဒီနေ့ကစပြီး ပျော်ရွှင်ရတော့မှာပါ...."
သူ xz ရဲ့မျက်နှာလေးကို ကြည်နူးစွာနဲ့ လှမ်းကြည့်ရင်း ပြောလိုက်တာဖြစ်သည်။ ကျွန်တော် တစ်ယောက်သောသူကြောင့် အမြဲပျော်ရွှင်ရတော့မယ် ထင်တယ် အိမ်တော်ထိန်းချန်.... ဘယ်လိုအခက်အခဲပဲရှိရှိ ကျွန်တော် ရင်ဆိုင်သွားမယ် လို့ ဆုံးဖြတ်ထားတယ်... ။
"ကျွန်တော် သူ့ကို မွေးနေ့လက်ဆောင်အဖြစ် တစ်နေရာလိုက်ပို့စရာရှိလို့ အိမ်တော်ထိန်းချန် ခွင့်ပြုပါအုံး...."
YOU ARE READING
လူဆိုးလေးရဲ့ သက်တော်စောင့် (Completed)
FanfictionXiao Zhan မင်းနဲ့ ငါက အစကတည်းက မဆုံခဲ့သင့်ဘူး yibo... ခုတော့... Yibo ကျွန်တော် ခင်ဗျားကို ချစ်တာပဲသိတယ် xz...... ရှင်တို့ကို ချစ်လွန်းလို့ ကိုယ့်ရဲ့ရေးဖြစ်ခဲ့သော မတောက်တခေါက်စာများ.....(တခါမှ မရေးဖူးတဲ့အတွက် အမှားပါရင်ခွင့်လွှတ်ပါ fanfic အနေနဲ့သာဖတ...