Xiaozhan မင်းသိလား မင်းတို့နှစ်ယောက်လုံး မှားခဲ့ကြတယ် ဒီကိစ္စကမဖြစ်နိုင်ဘူးဆိုတာ သိရက်နဲ့.....
ကျန်းချန်...
-----------------------------------------------------------
"အိမ်တော်ထိန်းချန် ကျွန်မမေးစရာတစ်ခုရှိလို့"
မီးဖိုချောင်ထဲမှာ ညနေစာအတွက် ချက်ပြုတ်ရင်း အလုပ်ရှုပ်နေတဲ့ အိမ်တော်ထိန်းချန်ကို ဝမ်ချင်း မေးစရာရှိကြောင်း အသံပေးပြီး ထိုင်ခုံတစ်ခုမှာဝင်ထိုင်လိုက်သည်။
"ခုတလော...xz ကိုကိုနဲ့ yibo ကိုဘယ်လိုမြင်လဲ... ".
"ဟင်....ဘယ်လိုမြင်ရမှာလဲ..."
"မေးချင်တာက xz ရောက်လာပြီးနောက်ပိုင်း yibo အခြေအနေ ပြောင်းလဲသွားလား သိချင်တာ..."
"အင်း...ပြောင်းလဲတာပေါ့ အများကြီးပဲ သူ့မွေးနေ့ပြီး နောက်ပိုင်း ပိုပျော်လာတာကိုတော့ သတိထားမိတယ်... ခုဆို ဆေးလည်း သောက်စရာမလိုတော့ဘူးလေ..... ဒါကောင်းတဲ့ကိစ္စပဲမဟုတ်ဘူးလား... "
"ဒါပေမဲ့.... ကျွန်မ တစ်ခုခုခံစားမိနေတယ် အိမ်တော်ထိန်းချန်..."
"ဟင်..... မင်းဘာတွေ ခံစားနေတာလဲ.. ဒါငါတို့အတွက်တော့ကောင်းတဲ့ကိစ္စပဲလေ... ငါတို့ ဝမ်သခင်လေး သူ့အမေမရှိတော့ကတည်းက အပျော်တွေပျောက်ဆုံးနေခဲ့တာ ခုမှ သူ့ရဲ့အပြုံးတွေ ပြန်မြင်ခွင့်ရခဲ့တယ်လေ...."
ဝမ်ချင်းခံစားမိတာက တခြား.. အိမ်တော်ထိန်းချန်ပြောနေတာက တခြားဖြစ်နေတာကြောင့် သူမစိတ်ညစ်သွားခဲ့သည်။ သူမလိုချင်တာအဲ့အဖြေမဟုတ်ဘူးလေ ။
ဟုတ်တယ် yibo ပြောင်းလဲသွားတာဘယ်လို ထူးဆန်းကြောင်း.. တစ်ချိန်လုံး xz ကိုအနားပဲခေါ်ထားပြီး.. နားရက်လည်း မပေးတော့ကြောင်း.. ပီးတော့ သူတို့နှစ်ယောက် အတူရှိချိန်ဆို မျက်နှာ ဘယ်လိုရွှင်ကြောင်း...သူမကို မြင်ပြီဆို မျက်နှာ ဘယ်လိုဖြစ် သွားကြောင်း ဒါတွေ ပြောစေချင်တာလေ ခုတော့..သူမ သိချင်တဲ့အဖြေမဟုတ်ခဲ့...
ဝမ်ချင်း စိတ်ညစ်ညစ်နဲ့ပဲ အပြင်ကိုထွက်ခဲ့လိုက်တော့တယ် ။သူတို့အကြောင်းပြောလို့မှ မပြီးသေးxz နဲ့ yibo နှစ်ယောက်သား အပေါ်ထပ်ကနေပြေးဆင်းလာလိုက်တာ လှေကားထစ်တွေကိုတောင် ဂရုမစိုက်နိုင်ပဲ တစ်ယောက်နဲ့တစ်ယောက် ကြည့်ပြီး ပြုံးလို့ရွှင်လို့ ဆင်းလာပါပီ.... ။ အစတုန်းက လက်တွဲပီးဆင်းလာပေမဲ့ xz ဝမ်ချင်းကို မြင်လိုက်တာကြောင့် yibo ကိုတွဲထားတဲ့လက်ကို ဖြုတ်လိုက်ပြီး...
YOU ARE READING
လူဆိုးလေးရဲ့ သက်တော်စောင့် (Completed)
FanfictionXiao Zhan မင်းနဲ့ ငါက အစကတည်းက မဆုံခဲ့သင့်ဘူး yibo... ခုတော့... Yibo ကျွန်တော် ခင်ဗျားကို ချစ်တာပဲသိတယ် xz...... ရှင်တို့ကို ချစ်လွန်းလို့ ကိုယ့်ရဲ့ရေးဖြစ်ခဲ့သော မတောက်တခေါက်စာများ.....(တခါမှ မရေးဖူးတဲ့အတွက် အမှားပါရင်ခွင့်လွှတ်ပါ fanfic အနေနဲ့သာဖတ...