ကျွန်တော် ခင်ဗျားကို ဒီထက်ပိုပြီး သံယောဇဉ်မတွယ်ပါရစေနဲ့ xiao zhan ........
Wangyibo
-----------------------------------------------------------မနက်မိုးလင်းတော့ yibo ခြေလက်သန့်စင် ရေချိုးပြီး သူဝတ်နေကျ သူ့အကြိုက် ဖြစ်တဲ့ အမဲရောင်တီရှပ်လေးကို ကောက်ဝတ်လိုက်ပြီး နောက်ထပ် အမဲရောင် ရှပ်လက်တိုတစ်ထည်ကိုပဲသူကောက်ထပ်လိုက်သည်။
(တစ်ခုပြောချင်လို့ အိမ်က သမ္မတကြီးအိမ်လို့သုံးထားပေမဲ့ သမ္မတကြီးမနေပါဘူးနော် ခဏတဖြုတ်သဘောမျိုးပဲလာတာပါ သူက သက်သက် အိမ်ဖြူတော်သဘောမျိုးမှာ နေတာပါ ( အဲ့တာမှ ရိုလို့ရမှာပေါ့နော့် 😁😁 )
နိုးနိုးချင်းဘေးနား ဆိုဖာပေါ်အိပ်နေတဲ့ xz မရှိတာကြောင့် အိမ်ရှေ့ လေ့ကျင့်ခန်းလုပ်နေသည် အထင်နဲ့ သူလည်းscake ယူပြီး အောက်ထပ်သို့ဆင်းလာခဲ့သည်။
လှေကားအောက်မရောက်ခင်လေးမှာပင် သူအနံ့တစ်မျိုးကို ရလိုက်သည်။ နောက် သီချင်းဆိုညည်းသံ ။ yibo မျက်မှောင်တစ်ချက်ကျုံ့လိုက်ပြီး ဘယ်သူလဲဆိုသောသိချင်စိတ်နဲ့ ကျန်လှေကားများကို အပြေးကလေး လှမ်းလာခဲ့တော့.........
တရှဲရှဲနဲ့ ဟင်းများကြော်ချက်နေသော xz ။ စားပွဲပေါ်မှာလဲ ဟင်းပွဲအပြည့်နဲ့ အမျိုးပေါင်းများစွာ ။"ဒါ ဘာလုပ်နေတာလဲ "
"Yibo နိုးလာပြီလား.. ငါ ဟင်းချက်နေတာလေ... တခါတလေ မင်းလက်ရာအပြောင်းအလဲလေးဖြစ်အောင်လို့.... အိမ်တော်ထိန်းချန်ချက်ကျွေးတာချည်းစားနေတာဆိုတော့လည်း ငြီးငွေ့လွယ်တာပေါ့.... "
"အိမ်တော်ထိန်း ချန်ရော "
"ရှိပါတယ် သူ့ကိုဒီနေ့ နားခိုင်းထားတာ... မင်းကအစားမရွေးဘူးလို့လဲ သူပြောတယ် ငါအဆင်ပြေအောင်တော့ ချက်ထားတာပဲ မင်းစားကြည့်ပြီး ခံတွင်းတွေ့မဲ့ဟာ ယူစားပေါ့.... "
ယုန်သွားလေးများပေါ်အောင် အားရပါးရ ရယ်ပြုံးပြီး ပြောနေသော xzကို သူ မျက်တောင်မခတ်ပဲ စူးစူးစိုက်စိုက်ကြည့်နေမိသည်။(ဘာ့ကြောင့်လဲဘာ့ကြောင့်ခုလိုတွေလုပ်ပေးနေရတာလဲ ။မားနဲ့ တူလို့ သံယောဇဉ်ဖြစ်နေပါတယ်ဆိုတဲ့ ကျွန်တော့ကို ပိုပြီးအခတ်တွေ့အောင်လုပ်နေတာလား xiao zhan ။)
သူ ကြည့်နေရင်း သူ့ရင်ထဲ တစ်မျိုးဖြစ်လာတာကြောင့် ချက်ချင်းအကြည့်လွှဲလိုက်ပြီး ထမင်းစားရန် ပြင်လိုက်သည်။
YOU ARE READING
လူဆိုးလေးရဲ့ သက်တော်စောင့် (Completed)
FanfictionXiao Zhan မင်းနဲ့ ငါက အစကတည်းက မဆုံခဲ့သင့်ဘူး yibo... ခုတော့... Yibo ကျွန်တော် ခင်ဗျားကို ချစ်တာပဲသိတယ် xz...... ရှင်တို့ကို ချစ်လွန်းလို့ ကိုယ့်ရဲ့ရေးဖြစ်ခဲ့သော မတောက်တခေါက်စာများ.....(တခါမှ မရေးဖူးတဲ့အတွက် အမှားပါရင်ခွင့်လွှတ်ပါ fanfic အနေနဲ့သာဖတ...