ကျွန်တော့ နှလုံး တစ်ချက်ခုန်လိုက်တိုင်း ခင်ဗျားကို ချစ်တယ်ပြောမိတယ်... ကျေးဇူးတင်ပါတယ်.... ခုလိုအနားမှာရှိနေပေးတဲ့အတွက်....
WangYiBo....
ငါလည်း ကျေးဇူးတင်ပါတယ်... မင်းချစ်တယ်လို့ပြောနေတာတွေကို ငါနေ့တိုင်းကြားနေရတဲ့အတွက်...ငါလည်း...အရမ်းချစ်တယ် yibo...
Xiaozhan....
...........................................................
1Year Later
အချိန်တွေ ကြာသွားခဲ့ပေမဲ့ မင်္ဂလာပွဲလေးအကြောင်းကတော့ လူတွေပါးစပ်ဖျားမှာ စွဲကျန်နေခဲ့လေရဲ့..တစ်ချို့..တွေကတော့မေ့မေ့ပျောက်ပျောက်...တစ်ချို့သောလူတွေကတော့ ကဲ့ရဲ့နေကြဆဲ.....တချို့တွေကတော့ သတို့သမီးလေးကို သနားနေကြသလို တချို့တချို့တွေကတော့...."ဟဲ့ ချင်းချင်း လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဖြစ်ခဲ့တဲ့ မင်္ဂလာပွဲလေးလေ သိတယ်မလား..."
"ဘာလဲ...ဟို သမ္မတသား wangyibo နဲ့ ဒေါက်တာမလေးလား...."
"အေးလေ....သနားပါတယ်ဟယ်...နှစ်ယောက်လုံး..."
".. ဘယ်သူ့ကိုလဲ...သတို့သမီးကိုလား..."
"မဟုတ်ပါဘူးဟာ....သူ့ရဲ့သက်တော်စောင့်နဲ့ ဖြစ်တဲ့ကိစ္စလေ ငါသူတို့ကို သိပ်သနားတာပဲ..."
"ဟုတ်တယ် ငါလည်းအတူတူပဲ...သူတို့နှစ်ယောက်လုံး ဘယ်တွေရောက်နေလဲ မသိဘူးနော်.....မင်္ဂလာပွဲပီးကတည်းက သူတို့သတင်းအစအနတောင်မကြားရတော့ဘူး..ပြီးတော့ နှစ်ရောက်လုံးက နေမကောင်းကြဘူးတဲ့ ရှိရောရှိကြသေးရဲ့လားမသိဘူး..."
"ငါကြားတာတော့ သူတို့ ဆေးရုံကဆင်းပြီးကတည်းက ကျွန်းတစ်ခုမှာ သွားနေနေတာတဲ့....ဒါပေမဲ့...."
"ဒါပေမဲ့...ဘာဖြစ်လဲ...."
"ဘာမှမဟုတ်တော့ပါဘူး....ငါကြားထားတဲ့သတင်းကဟုတ်ချင်မှဟုတ်မှာပါ...သူတို့နှစ်ယောက်လုံး အတူတူနေသွားကြရင် ကောင်းမှာပဲ.."
"ဟုတ်ပဟာ....သူတို့ကြောင့်မို့လို့ ခုဆို တို့ မိဘတွေတော်တော်များများက သားသမီးတွေအချစ်ကိစ္စအတွက် နားလည်ပေးကြတယ်တဲ့...သူတို့ b to b ပဲဖြစ်ဖြစ် g to g ပဲဖြစ်ဖြစ် ဘယ်သူ့ပဲကြိုက်ကြိုက် တစ်ကယ်ချစ်ရင် လက်ထပ်ပေးမယ်တဲ့လေ...."
YOU ARE READING
လူဆိုးလေးရဲ့ သက်တော်စောင့် (Completed)
FanfictionXiao Zhan မင်းနဲ့ ငါက အစကတည်းက မဆုံခဲ့သင့်ဘူး yibo... ခုတော့... Yibo ကျွန်တော် ခင်ဗျားကို ချစ်တာပဲသိတယ် xz...... ရှင်တို့ကို ချစ်လွန်းလို့ ကိုယ့်ရဲ့ရေးဖြစ်ခဲ့သော မတောက်တခေါက်စာများ.....(တခါမှ မရေးဖူးတဲ့အတွက် အမှားပါရင်ခွင့်လွှတ်ပါ fanfic အနေနဲ့သာဖတ...