ဘယ်သူသိနိုင်မလဲ သူတို့ရဲ့ချစ်ခြင်းတွေ ဘယ်လိုအဆုံးသတ်မလဲဆိုတာကိုလေ.....
-----------------------------------------------------------
ဒီနေ့ xz ကိုသမ္မတကြီးက တွေ့ချင်တယ်လို့အိမ်တော်ထိန်းချန်ပြောထားတာကြောင့် yiboကို လေ့ကျင့်ရေးကွင်းကိုပို့ပြီး ရောက်လာခဲ့တယ်လေ။အမှန်တော့ ရောက်ရောက်ချင်းနေ့ကသွားခဲ့ချင်ပေမဲ့ yibo ခရီးပန်းပြီး အဖျားကြီးနေတာကြောင့် နောက်ကျပြီးမှ သွားတွေ့ခဲ့ခြင်းဖြစ်သည်။ဒင်းလေးက သူကိုယ်တိုင်ဆေးတိုက်မှ သောက်ပါမယ်ဆိုလို့ သူ့နားပဲတစ်ချိန်လုံးနေ နေရတယ်လေ။ ဒီနေ့တော့ သူနည်းနည်း သက်သာတာနဲ့ ပြိုင်ပွဲနီးနေတော့ ဆိုင်ကယ်မောင်းတာလေ့ကျင့်ချင်တယ်ဆိုလို့ လိုက်ပို့ပေးခဲ့ပြီး အပြန်မှာ ဝင်ခဲ့ခြင်းဖြစ်သည်။ နေသိပ်မကောင်းသေးလို့စိုးရိမ်နေပါသော်လည်း yibo ရဲ့ တစွတ်ထိုးနိုင်မှူကို တားလို့မရပဲ သူပဲအရှုံးပေးလိုက်ရသည်သာ။ xz ရုံးခန်းရှေ့ကိုရောက်တော့ အတွင်းရေးမှူးမလေးကိုလည်း မတွေ့တာကြောင့် သူ ရုံးခန်းထဲပဲ တန်းဝင်ဖို့ဆုံးဖြတ်ပြီး တံခါးခေါက်ရန်ပြင်လိုက်တော့....
"လန်ဖုန်းရွှီး... ခင်ဗျား ရှောင်ယွိပင်း ကို...."
သူ့အဖေနာမည်(ရှောင်ယွီပင်း) ကိုကြားလိုက်တာကြောင့် xzူတံခါးဆက်မခေါက်ဖြစ်တော့ပဲ နားထောင်နေလိုက်မိတယ်...။
"အမက်ဖန်း... မင်း နည်းနည်းလွန်လာပီ ငါ့ရုံးခန်းထဲကို မင်းအိမ်လို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နေတဲ့အပြင် ခု ငါ့ကိုပါ စွပ်စွဲနေတာလား..?
"မဟူတ်ရပါဘူး မဟုတ်ရပါဘူး ကျုပ်ကအမှန်တရား သိချင်ယုံပါ... ဟား..ဟာ...တစ်ယောက်သောသူက ညီတစ်ယောက်လုံးကို သစ္စာဖောက်သွားလို့ စိတ်နာသွားတယ်ဆိုပါတော့ လန်ဖုန်းရွှီး...."
သူတို့ဘာအကြောင်းပြောနေကြတာပါလိမ့်..။ ငါ့အဖေနာမည်ရောပါတယ် သမ္မတကြီးနဲ့ အမက်ဖန်းက ငါ့အဖေကို သိနေတာလား... ?။ သူအတွေးပေါင်းစုံနဲ့ ရုံးခန်းရှေ့မှာ ရပ်နေတုန်း .....
"ရှင်ဘယ်သူလဲ ...ဒီရှေ့မှာဘာရပ်လုပ်နေတာလဲ... "
ရုတ်တရက် အတွင်းရေးမှူးမလေးရောက်လာပြီး အော်လိုက်တာကြောင့် ရုံးခန်းထဲက သမ္မတကြီးနဲ့ အမက်ဖန်းတို့ပါ ကြားသွားကြပြီး ထွက်လာခဲ့ကြသည်။
သူ့ကိုမြင်တော့ လန်ဖုန်းရွှီး မျက်နှာပျက်သွားပြီး....
YOU ARE READING
လူဆိုးလေးရဲ့ သက်တော်စောင့် (Completed)
FanfictionXiao Zhan မင်းနဲ့ ငါက အစကတည်းက မဆုံခဲ့သင့်ဘူး yibo... ခုတော့... Yibo ကျွန်တော် ခင်ဗျားကို ချစ်တာပဲသိတယ် xz...... ရှင်တို့ကို ချစ်လွန်းလို့ ကိုယ့်ရဲ့ရေးဖြစ်ခဲ့သော မတောက်တခေါက်စာများ.....(တခါမှ မရေးဖူးတဲ့အတွက် အမှားပါရင်ခွင့်လွှတ်ပါ fanfic အနေနဲ့သာဖတ...