အပိုင်း - ၆🖤

42K 3K 63
                                    

"သူဌေး ... ဦးခင်‌မောင်ဇန်ရောက်နေပါတယ်"

ဦးခင်‌မောင်ဇန်ဆိုသူမှာ မင်းတိမ်ယံမိခင်၏အမျိုးသားဖြစ်သည်။ မင်းတိမ်ယံ၏ပထွေးဖြစ်သူဆိုလည်းမမှားပါ။ မိခင်ဖြစ်သူဆုံးပါးသွားသည့်အခါ မိခင်ဖြစ်သူ၏ပိုင်ဆိုင်မှုများအားလုံးကိုရရှိသွားသူလည်းဖြစ်သည်။ ဦးခင်မောင်ဇန်တွင်"ဇန်"ဆိုသည့်သားတစ်ယောက်ရှိသည်။ မင်းတိမ်ယံ၏မိခင်သည် အလွန်သဘောကောင်းသူဖြစ်သည့်အလျောက် ဇန့်ကိုလည်းသားတစ်ယောက်သဖွယ်သဘောထားပြီးချစ်ပေးကြင်နာမှုတွေအပြည့်ပေးသည်။ ဇန်နဲ့မင်းတိမ်ယံတို့ဆေးကျောင်းကိုအတူတူတက်ခဲ့ကြသည်။ ဇန်ကတည်ငြိမ်သည်။ မင်းတိမ်ယံနဲ့ဘယ်တုန်းကမှမတည့်ခဲ့ပါ။ မင်းတိမ်ယံကလည်းသူတို့သားအဖကိုဘယ်လိုနည်းနဲ့မှလက်မခံနိုင်ခဲ့ပါ။

"ဘယ်လိုလဲတိမ်ယံ အဆင်ပြေရဲ့လား ... ဆေးရုံကအခုတလောမှာတော်တော်နာမည်ကြီးနေတယ်နော်"

"ဘာကိစ္စရှိလို့ရောက်လာတာလဲ ... မဆိုင်တာတွေမပြောဘဲနဲ့လာရင်းကိစ္စလေးကိုပဲပြောပါ"

"စိမ်းကားလှချည်လားသားရယ်"

"ကျုပ်ကိုသားလို့မခေါ်နဲ့ ... အဲ့လိုဆက်ဆံရေးမျိုးခင်ဗျားနဲ့ကျုပ်ကြားမှာမရှိခဲ့ဖူးဘူး"

"ထားပါတော့ ... ဒီနေ့လာရင်းကိစ္စက မင်းဆေးရုံမှာရှယ်ယာဝင်ဖို့ကိစ္စနဲ့လာတာ"

"ဟက်! ငြင်းပါရစေဦးခင်‌မောင်ဇန် ... ကျွန်တော်ကမသမာသူတွေနဲ့စီးပွားရေးမလုပ်ဘူး"

"မင်း! "

"ဘာလဲ အမှန်တရားတွေပြောလိုက်တော့နှလုံးရောဂါကထလာပြီးမူးမေ့လဲဦးမလို့လား ... မလိုပါဘူး ... ဒီနေရာမှာဦးခင်‌မောင်ဇန်ရဲ့သရုပ်ဆောင်ပီပြင်မှုတွေကို အဟုတ်ထင်မှတ်နေမယ့်မေမေနဲ့ဖွားဖွားမရှိတော့ဘူး"

ဦးခင်မောင်ဇန်မျက်စိပျက်မျက်နှာပျက်ဖြင့်ကြံရာမရဖြစ်သွားရသည်။

"ခင်ဗျားသားကခင်ဗျားအကြောင်းတွေမသိသေးဘူးမလား"

"တိမ်ယံ မင်းငါ့သားကိုမထိနဲ့နော်"

"ဪ ကိုယ့်သားကျတော့ကိုယ်သိလှချည်လား ... ကျုပ်ကိုကျတော့ ဘဝ‌ပျက်အောင်လုပ်ပြီး ဟိုးအောက်ဆုံးမှာလှိမ့်နေအောင်ခံနေခဲ့ရတာကိုတော့ ခင်ဗျားကရယ်မောနေခဲ့တယ်လေ ... ခင်ဗျားသားကိုထိတော့နာတယ်တဲ့လား ... တကယ့်ကိုဟာသပဲ"

Love Me Like You Do🖤Where stories live. Discover now