အပိုင်း - ၁၇🖤

34.4K 1.9K 86
                                        

"မမ ... ဇန်က‌မမကိုတွေ့ခွင့်တောင်းနေတယ် ... ကျွန်တော်ကတော့မတွေ့စေချင်ပေမဲ့ မမရဲ့သဘောကဘယ်လိုမှန်းမသိတော့လေ ..."

လမင်းဖြူ ခဏငြိမ်ပြီးစဉ်းစားနေသည်။ ဇန့်အပေါ်မှာမုန်းသည့်စိတ်ထက် သနားသည့်စိတ်ကပိုများနေသည်။

"ဇန်ကသနားစရာကောင်းတဲ့ကလေးလေးတစ်ယောက်ပါ ... ငယ်စဉ်ကတည်းကဖခင်ရဲ့အရိပ်ကသူ့ကိုလွှမ်းမိုးလာခဲ့တာ ... အဖေရဲ့လောဘတွေကြောင့်ဇန်ကအခုလိုဖြစ်ရတာ"

"ဘာတွေဘယ်လိုပဲဖြစ်နေ မမကိုလည်းအခုလိုဖြစ်အောင်လုပ်ခဲ့တယ် ... ကိုကို့ကိုလည်းထောင်ကျအောင်လုပ်ခဲ့တာ သားကတော့သူတို့ကိုခွင့်မလွှတ်နိုင်ဘူး"

"အမုန်းတရားတွေပွားမနေပါနဲ့တော့သက်တန့်ရယ် ... မမသူ့ကိုတွေ့မယ် ... အဲ့နေ့ကဘာလို့အဲ့လိုလုပ်ခဲ့လဲဆိုတာမေးရမယ်"

"ဒါဆို ကျွန်တော်လူတွေ့ခွင့်တောင်းလိုက်တော့မယ်နော်"

"အင်း"

အပြင်ဘက်မှာကြယ်တွေကတလက်လက်တောက်ပလို့နေသည်။ လမင်းကြီးကလည်းမခို့တရို့​လေးပြုံးပြ​နေသလိုပင်ရှိသည်။ တိမ်ယံပြတင်း​ပေါက်မှတစ်ဆင့်​ ကောင်းကင်ထက်ကိုငေးကြည့်ပြီးပြုံးလိုက်သည်။

"သက်တန့် ခေါင်မိုးထပ်ကိုသွားရအောင်"

ပြတင်းပေါက်အနားတွင်မတ်တပ်ရပ်ပြီး ကောင်းကင်ကိုမော့ကြည့်နေသည့်သက်တန့်ကိုပွေ့ချီလိုက်သည်။

"ဘာ ... ဘာလုပ်တာလဲ"

"အအပေါ်ထပ်သွားရအောင် ... ရာသီဥတုသာယာတယ်"

"ဟင် ဘာသွားလုပ်မလို့လဲ"

"ငြိမ်ငြိမ်​လေးလိုက်လာပါက​လေးရဲ့"

တိမ်ယံ၏လည်ပင်းကို​သေချာဖက်ထားလိုက်သည်။ အ​ပေါ်ဆုံးထပ်ကို​ရောက်​တော့​ခေါင်မိုးထပ်ဘက်ကိုထွက်သည့်တံခါးအရှေ့တွင်တိမ်ယံရပ်လိုက်သည်။

"က​လေး အဲ့မိန်းကိုတင်လိုက်"

သက်တန့်လည်းတိမ်ယံ​ပြောသည့်အတိုင်း မိန်းခလုတ်ကိုတင်လိုက်သည်။ အပြင်ဘက်မှာဘာရှိ​နေလို့လဲဆိုတာကို​တွေးရင်းသက်တန့်စိတ်လှုပ်ရှားနေသည်။ တိမ်ယံကတံခါးကို​မေး​​ငေါ့ပြ​တော့ သက်တန့်ကလက်တစ်ဖက်နဲ့တံခါးကိုဖွင့်လိုက်သည်။ အပြင်ဘက်မှာမြင်လိုက်ရသည့်အရာ​တွေ​ကြောင့် သက်တန့်မျက်လုံးပြူးသွားရသည်။

Love Me Like You Do🖤Where stories live. Discover now