သက်တန့် နေထွက်တဲ့အချိန်ကိုကြည့်ချင်သည့်အတွက် နေမထွက်ခင်အစောကြီးထလိုက်သည်။ တိမ်ယံကတော့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်မို့ မနှိုးတော့ဘဲသူတစ်ယောက်တည်းထွက်လာခဲ့သည်။ နေမင်းကြီးထွက်လာတာကိုကြည့်ရတာသူအရမ်းကြည်နူးမိသည်။ မနက်ခင်းထွက်ခါစနေရောင်ခြည်နွေးနွေးလေးနဲ့လေအေးအေးလေးကိုသူနှစ်သက်သည်။ အချိန်အကြာကြီးကမ်းခြေတွင်ထိုင်ပြီးမှသူအထဲပြန်ဝင်ရန်ထလိုက်သည်။ အနောက်ကိုလှည့်လိုက်ကာမှလူတစ်ယောက်မြင်းစီးလာတာနဲ့ဝင်တိုက်မိလေတော့သည်။
"အမေ့!"
သက်တန့်သည် မြင်းကိုလန့်ပြီးရှောင်ရင်း အနောက်ဘက်ကိုပက်လက်လန်ကျသွားလေသည်။ မြင်းပေါ်ကလူ ချက်ချင်းဆင်းလာပြီး သက်တန့်ကိုဆွဲထူပေးသည်။
"ကောင်လေး ရရဲ့လား ... မင်းကရုတ်တရက်ထလိုက်တော့မြင်းကလန့်သွားတာပေါ့ ... ထကြည့်ပါဦး အဆင်ပြေရဲ့လား"
"အာ့!"
သက်တန့် မတ်တပ်ရပ်ရန်ကြိုးစားကြည့်ပါသော်လည်း ခြေကျင်းဝတ်ကအရမ်းနာကျင်လွန်း၍ ပြန်လဲကျသွားသည်ကို ထိုလူကခါးကိုဖက်ကာထိန်းလိုက်သည်။
"ခြေကျင်းဝတ်ထိသွားတယ်ထင်တယ် ... မင်းကဘယ်အခန်းမှာနေတာလဲ ... လိုက်ပို့ပေးမယ်လေ"
"သြော် ရပါတယ် ... ကျွန်တော်ဖုန်းဆက်လိုက်ရင်လာမယ့်သူရှိတယ်"
"ဒါဆိုလည်းဆက်လေ စောင့်နေပေးမယ် ... ဦးလေးကြောင့်ဖြစ်သွားတာဆိုတော့ ဒီလောက်တော့တာဝန်ယူပေးသင့်တယ်မလား"
"ဟုတ် ကျေးဇူးပါနော်"
ဘောင်းဘီအိတ်ထဲကဖုန်းထုတ်ပြီး "ဟိုလူကြီး" ဆိုတဲ့နာမည်လေးကိုနှိပ်လိုက်သည်။ အိပ်ချင်မူးတူးဖြစ်နေသည့်တိမ်ယံဘေးနားက စားပွဲပေါ်မှဖုန်းကိုလှမ်းယူပြီးကြည့်လိုက်တော့"ကြောင်ပေါက်လေး"ဆိုတဲ့နာမည်ကြောင့်မျက်လုံးပြူးသွားရသည်။ ဘေးနားကိုကြည့်လိုက်တော့လည်းသူ့လူသားလေးကမရှိတော့ပိုလို့တောင်ထိတ်လန့်သွားရသည်။
YOU ARE READING
Love Me Like You Do🖤
Romance[Unicode]အားလုံးအကြိုက် Sugar Daddyလိုပုံစံမျိုးဇာတ်လမ်းလေး ...... [Zawgyi]အားလုံးအကြိုက် Sugar Daddyလိုပုံစံမျိုးဇာတ်လမ်းလေး ......