အပိုင်း - ၁၀🖤

40.3K 2.6K 124
                                        

စာမေးပွဲဖြေပြီး သီတင်းကျွတ်လပြည့်​နေ့​လေး​ရောက်​တော့ သက်တန့်ကသူငယ်ချင်းတွေနဲ့လျှောက်သွားချင်​နေသည်။ သို့သော် တိမ်ယံကလုံးဝခွင့်မပြုချင်ပါ။ သက်တန့်သည်​ ရေကျော်ပွဲဈေးကိုလည်းသွားချင်သေးသည်။ တိမ်ယံကဒါကိုလည်းခွင့်မပြုချင်ပါ။ သူနဲ့မသွားချင်ဘဲ သူငယ်ချင်းတွေနဲ့သွားမယ်ဆိုလို့လုံးဝခွင့်မပြုပါ။ သက်တန့်ဆိုသည်မှာလည်း တဇွတ်ထိုးသမားဖြစ်​နေ​တော့ တိမ်ယံခွင့်ပြုပြု မပြုပြု သွားဖို့အတွက်ပြင်ဆင်နေသည်။

"မင်းမသွားလို့မရဘူးလား ... ကိုယ်လည်းလိုက်ချင်တယ်"

"မရဘူး ... သူငယ်ချင်းတွေနဲ့ပဲသွားမှာ ... ကျွန်​တော်ချိန်းထားပြီးပြီ"

အဝတ်အစားလဲပြီး သွားဖို့ပြင်ဆင်နေသည့်သက်တန့်ကိုတိမ်ယံသည် တံခါးနားမှာနံရံကိုမှီရပ်လျက် မျက်နှာငယ်လေးဖြင့်လှမ်းကြည့်နေသည်။

"ကိုယ်​နေမ​ကောင်းဘူး ... ခေါင်းလည်းကိုက်တယ် ... ကိုယ်လည်းပူ​နေတယ် ... ကိုယ်​တွေလက်​တွေလည်းကိုက်ခဲ​နေတာပဲ"

"ခင်ဗျားမှာပြစရာဆရာဝန်​တွေမှပုံလို့ သွားပြ​လိုက်‌လေ ... ကျွန်တော်ကဆရာဝန်မဟုတ်ဘူး"

"သက်တန့် ကိုယ့်အနားမှာ​နေပါကွာ .. မင်းကကိုယ်လိုက်မယ်ဆို​တော့လည်းမရဘူးတဲ့"

"ခင်ဗျားအိမ်မှာ​အေး​ဆေး​နေခဲ့ ... ကျွန်​​တော်သွားပြီ"

သက်တန့်သည် ​ပြော​နေရင်းနဲ့​သူ့အ​ရှေ့က​နေခပ်တည်တည်နဲ့ထွက်သွား​သည်။ သူလိုက်ဆွဲရင်လည်း အထိုးခံရနိုင်သည်။ တိမ်ယံတစ်ယောက် အိမ်အ​ပေါက်ဝမှာတစ်​ယောက်တည်းမတ်တပ်ရပ်ကျန်ခဲ့ရ​တော့သည်။

"ငယ်လေး!"

သက်တန့်ကြားဖူးနေကျအမည်နာမလေးတစ်ခုဖြစ်သည်။ ဤအမည်နာမလေးကိုခေါ်သော်သူကလည်း တစ်ဦးတည်းသာရှိသည်။

"အစ်ကိုမင်းထက်!"

သူငယ်ချင်းများနဲ့အတူတူဘုရားပေါ်တွင်ရောက်နေစဉ် သက်တန့်၏အရှေ့မှ မင်းထက်ပေါ်လာသည်။ မင်းထက်ဆိုသူသည် သက်တန့်၏ရည်းစားဟောင်းဖြစ်သည်။

Love Me Like You Do🖤Where stories live. Discover now