"ကြောင်ပေါက်လေးအတွက် ကိုယ်လက်ဆောင်အသစ်ကလေးဝယ်လာတယ်"
"ဟင် ဘာလေးလဲ"
အနက်ရောင်ဗူးလေးထဲက Foot-chain လေးကိုထုတ်ပြလိုက်သည်။
"ဒါလေးကိုတော့မပျောက်စေနဲ့နော် ... ဒါလေးကဂျီပီအက်စ်ပါတယ် ... ကိုယ့်ဖုန်းကနေမင်းဘယ်မှာလဲဆိုတာလှမ်းကြည့်လို့ရတယ်"
"အရမ်းကြိုက်တယ် ... အရင်အဟောင်းလေးပျောက်သွားတာအတွက်တောင်းပန်ပါတယ်နော်"
"မလိုပါဘူးကွာ ... ကိုယ်ဝတ်ပေးမယ်နော်"
သက်တန့်အရှေ့မှာဒူးတစ်ဖက်ထောက်ထိုင်လိုက်ပြီး ခြေထောက်ကလေးမှာ Foot-chain လေးကိုဝတ်ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ဦးခင်မောင်ဇန်၏အိမ်သို့ ဖမ်းဝရမ်းနဲ့အတူတူ ရဲတွေရောက်လာကြသည်။ ဦးခင်မောင်ဇန်သည် ခပ်တည်တည်ဖြင့်သာ ရဲတွေကိုစကားပြောသည်။
"ဇန့်ကို လွန်ခဲ့တဲ့တစ်နှစ်ကဖြစ်ခဲ့တဲ့ကားတိုက်မှုမှာ တရားခံအဖြစ်သက်သေတွေ့ရှိရတဲ့အတွက် ဖမ်းဆီးလိုက်ပါတယ် ... ခင်ဗျားကရှေ့နေငှားပိုင်ခွင့်ရှိပြီး တရားရုံမှာလျှောက်လဲခွင့်ရှိပါတယ်"
"ဒယ်ဒီ ... ဒယ်ဒီ ... တစ်ခုခုလုပ်ပါဦး"
"စိတ်ကိုအေးအေးထားစမ်း ... စိတ်မပူနဲ့ ငါ့သားကိုဒယ်ဒီကလာခေါ်မှာ ... အခုတော့ လိုက်သွားလိုက်နော်"
ရဲတွေနဲ့အတူတူ ဇန်ပါသွားလေသည်။ ဦးခင်မောင်ဇန်ကလက်သီးကိုတင်းတင်းဆုပ်ထားလျက် ရပ်ကြည့်နေသည်။ ထို့နောက် စားပွဲပေါ်မှဖုန်းကိုလှမ်းယူလိုက်ပြီး နံပါတ်တစ်ခုကိုခေါ်လိုက်သည်။
"ဟယ်လို ရဲမှူးကြီး ... ကျန်းမာပါရဲ့လားခင်ဗျာ့ ... ဟားဟား ဟုတ်တာပေါ့ ... ဒီနေ့ကျွန်တော်တို့နေ့လယ်စာအတူတူစားကြမလားခင်ဗျာ့ ... ကျွန်တော်ဒကာခံချင်လို့ပါခင်ဗျာ့"
သက်တန့်ရောင်သည် မမကိုစောင့်ပေးနေရင်း ဆိုဖာပေါ်တွင်အိပ်ပျော်သွားခဲ့သည်။ သူအိပ်ပျော်နေစဥ် နားထဲမှာ တတီတီနဲ့စက်သံကိုကြားလိုက်ရလို့ သူလန့်နိုးလာသည်။
"မမ ... မမ ... မမ မျက်လုံးတွေပွင့်လာပြီ"
သက်တန့်ရောင် ဘေးနားကအရေးပေါ်ခလုပ်ကိုနှိပ်လိုက်သည့်အခါ ဆရာဝန်တွေအပြေးရောက်လာပြီး မမကိုစမ်းသပ်ကြည့်ရှု့နေကြသည်။ ဆရာဝန်ထဲကြားထဲကို သက်တန့်ဝင်တိုး၍မရဘဲ ဘေးနားကနေသာကြည့်နေရသည်။
YOU ARE READING
Love Me Like You Do🖤
Romance[Unicode]အားလုံးအကြိုက် Sugar Daddyလိုပုံစံမျိုးဇာတ်လမ်းလေး ...... [Zawgyi]အားလုံးအကြိုက် Sugar Daddyလိုပုံစံမျိုးဇာတ်လမ်းလေး ......