"မေမေ ... မေမေ ... မေမေ"
သူ၏ဘေးပတ်ပတ်လည်ကအဖြူရောင်များဖြင့်ပြည့်နှက်လို့နေသည်။ အရှေ့တည့်တည့်တွင် သူ'မေမေ'လို့ခေါ်နေသည့်အမျိုးသမီးကရပ်နေသည်။ ထိုအမျိုးသမီးကသူ့ကိုပြုံး၍ကြည့်နေသည်။ သူကလည်း ''မေမေ"လို့ဆက်တိုက်ခေါ်နေသည်။
"သား ... မေမေတို့နဲ့လာနေတော့နော် ... မေမေ့သားလေးပင်ပန်းနေရပြီ"
"သားငယ် ဖေဖေတို့နဲ့အတူနေနော်"
သူ့ဘေးနားတွင် ဖေဖေနဲ့မေမေဟူသောလူနှစ်ယောက်ရပ်နေသည်။ သူလည်းအမျိုးသမီးဆီကိုပြေးသွားရန်ဟန်ပြင်လိုက်သည်။
"ကလေး ကိုယ့်ကိုကြည့်ပါဦးကွာ ... ကလေး သတိထားပါဦး ... ကိုယ့်ကိုမထားခဲ့ပါနဲ့ကွာ"
သူ အသံကိုသာကြားနေရသည်။ အသံပိုင်ရှင်ကိုတော့သူရှာမတွေ့ပါ။ သူသွားရန်ပြင်နေသည့် သူခြေလှမ်းတွေရပ်တန့်ကုန်သည်။
"သားငယ် မေမေ့ဆီလာလေ ... မေမေတို့အတူနေကြမယ်လေနော်"
"ကလေး အိပ်မပျော်သွားနဲ့နော် ... ကိုယ်ကလေးကိုရအောင်ကယ်မယ်"
"ကိုကို!"
သူ၏လက်ပေါ်တွင် သွေးအလိမ်းလိမ်းတို့ပေကျံနေသည်။ သူ့ကလေး၏ခေါင်းကထွက်လာသည့်သွေးနီနီရဲရဲများသည်ဘယ်လိုမှထိန်းမရပါ။ သူ့ရှပ်အင်္ကျီအဖြူကအနီရောင်သို့ပြောင်းတော့မည်။ သူလည်းဆရာဝန်တစ်ယောက်ပေမို့ ကလေးရဲ့အခြေအနေကိုသူသိသည်။
"မြန်မြန်မောင်းကြပါ"
သူ့ကလေးကိုရင်ခွင်ထဲမှာပိုက်ထားပြီး ခေါင်းမထွက်လာသည့်သွေးတွေကိုအင်္ကျီတစ်ထည်နဲ့ထိန်းထားသော်လည်း သွေးစက်များကကားထဲတွင်တတောက်တောက်ကျနေသည်။ ကားအရှိန်ကအရမ်းပြင်းသည်။ ကားကအဝေးမှာမို့ လွတ်သည်ကြောင့်သူလမ်းကူးပေမဲ့ ကားကအရှိန်ဖြင့်ပြေးဝင်လာသည်။ သူ့အစားဝင်ခံလိုက်သည့်သက်တန့်သည် လူတစ်ကိုယ်လုံးလေပေါ်ကိုမြောက်တက်သွားပြီးမှ ကားပေါ်သို့ပြန်ကျကာလမ်းမပေါ်ပြုတ်ကျခြင်းပင်။ ဆရာဝန်များကသူ့ကလေးဘေးနားမှာဝိုင်းနေသည်။ သူ့ကလေးအနားကိုသူကပ်ခွင့်မရှိ။ သူအပြင်ဘက်ကသာစောင့်ကြည့်နေရသည်။ သူခြေထောက်တွေမခိုင်တော့ပါ။ သူလည်းသက်တန့်ကတွန်းလိုက်တာကြောင့် လက်နဲ့ခြေထောက်တွေမှာပွန်းပဲ့ဒဏ်ရာတွေရထားသည်။ ဒါတွေကိုသူမသိဘူး။ သူနာရကောင်းမှန်း သူမသိဘူး။
YOU ARE READING
Love Me Like You Do🖤
Romance[Unicode]အားလုံးအကြိုက် Sugar Daddyလိုပုံစံမျိုးဇာတ်လမ်းလေး ...... [Zawgyi]အားလုံးအကြိုက် Sugar Daddyလိုပုံစံမျိုးဇာတ်လမ်းလေး ......