တိမ်ယံတစ်ယောက်ကုတင်ပေါ်တွင်ထိုင်ပြီး စာအုပ်ဖတ်နေသည်။ ကြောင်ပေါက်လေးကအောက်ထပ်ကနေပြေးတက်လာသည်။ အခန်းထဲဝင်လာတဲ့ကြောင်ပေါက်လေးရဲ့မျက်နှာလေးကဆူပုတ်ပုတ်လေးဖြစ်နေပြန်သည်။ သူ့ဘေးနားရောက်လာပြီး သူ့လက်မောင်းကိုလက်ညှိုးလေးနဲ့လာတို့သည်။ သူလှည့်ကြည့်လိုက်တော့သူ့ဖုန်းလေးကိုဖွင့်ပြသည်။ ပေ့ချ်တစ်ခုမှာသူ့ပုံတွေကအများကြီးပြန့်နေသည်။
"ကိုယ့်ကိုတစ်ခုခုပြောချင်လို့လား"
ဖုန်းထဲကပုံတွေပြပြီး ဘေးနားမှာသူ့ကိုပြူးကြောင်ကြောင်လေးကြည့်ကာထိုင်နေသည်။ မျက်နှာလေးကလည်းတစ်ခုခုပြောချင်နေသည့်ဟန်ဖြစ်နေသည်ကြောင့် တိမ်ယံစကားစလိုက်သည်။
"ကိုကို့ရဲ့ပုံတွေအဲ့လိုပြန့်နေတာကြီးကို ကျွန်တော်မကြိုက်ဘူး"
တိမ်ယံကဖတ်နေသည့်စာအုပ်ကိုပိတ်လိုက်ပြီး ဘေးနားကစားပွဲလေးပေါ်မှာတင်ထားလိုက်သည်။ ကုတင်ပေါ်ကနေခြေထောက်ချလိုက်ပြီး သက်တန့်ကိုဆွေ့ခနဲပေါင်ပေါ်သို့တင်လိုက်ပြီးခွထိုင်စေလိုက်သည်။
"ဘာလို့လဲကလေးရဲ့"
"ဒီမှာကြည့်ဦး ကိုကိုအပြင်သွားတဲ့ပုံတွေပါရိုက်ထားကြတယ် ... ကိုကိုအပြင်သွားတာတောင်လွတ်လွတ်လပ်လပ်မသွားရတော့ဘူးလား ... ပြီးတော့ ကောင်မလေးတွေရေးထားတဲ့စာသားတွေကလည်း သူတို့ဘဲဆိုတာချည်းပဲ ... ဒီလိုကိစ္စတွေအထိသဝန်မတိုသင့်တာဟုတ်ပေမဲ့လေ ကျွန်တော်မကြိုက်ဘူး"
"ကလေးမကြိုက်တာကိုကိုသိပါတယ် ... သူတို့တွေလုပ်ထားတာကကိုယ်တို့ကိုဘာမှမထိခိုက်တဲ့အရာဆိုတော့ ကိုယ်သွားပြောလို့ဘယ်ကောင်းပါ့မလဲ ... အရမ်းဆိုးရွားလာပြီဆိုမှကိုယ်ပြောလိုက်မယ် ... ကြည့်ပါဦး ကိုယ့်ကလေးကသဝန်တွေတိုနေတာ မောနေရပြီ"
သက်တန့်ကတိမ်ယံ့လည်ပင်းကိုဖက်ထားလိုက်ပြီး ပုခုံးပေါ်မှာခေါင်းလေးမှီထားလိုက်သည်။
"ကိုကိုနေလို့ကောင်းရဲ့လားဟင် ... ဆေးစစ်ထားတာကလည်း ကျွန်တော်နဲ့ဘာလို့မကိုက်ညီရတာလဲမသိဘူး"
YOU ARE READING
Love Me Like You Do🖤
Romance[Unicode]အားလုံးအကြိုက် Sugar Daddyလိုပုံစံမျိုးဇာတ်လမ်းလေး ...... [Zawgyi]အားလုံးအကြိုက် Sugar Daddyလိုပုံစံမျိုးဇာတ်လမ်းလေး ......