အပြင်ဘက်တွင်နေမင်းကြီး၏ရောင်ခြည်များကထိန်လင်းနေပါသော်လည်း တစ်အိမ်လုံးကမှောင်မဲပြီးတိတ်ဆိတ်လို့နေသည်။ အိမ်ကြီးထဲမှခန်းဆီးလိုက်ကာများက နေမင်းကြီး၏ရောင်ခြည်ကိုကာကွယ်ထားလေသည်။ တိမ်ယံနဲ့သက်တန့်တို့အိပ်ပျော်နေစဉ်တွင် စားပွဲပေါ်မှဖုန်းမြည်လာသည်။ သက်တန့်နိုးသွားမည်ကိုစိုးရိမ်၍ စားပွဲပေါ်ကဖုန်းကိုမြန်မြန်လှမ်းယူပြီးကိုင်လိုက်သည်။
"ကိုတိမ်ယံ! ကျွန်တော်ဒီလောက်အတန်တန်မှာတာတောင်ဖြစ်ရသေးတာလား"
ဖုန်းထဲမှအသံကျယ်ကြီးကြောင့် ဖုန်းနဲ့နားကိုအနည်းငယ်ခွာထားလိုက်ရသည်။
"တိုးတိုးပြောပါကွာ ... သက်တန့်အိပ်နေတုန်"
"သြော် ... သြော် ... ဟုတ်ပါပြီ ... ဆေးကိုပုံမှန်မသောက်ဘူးလို့ ကိုဇာနည်ဆီကပြန်သိရတယ် ... အဲ့တာဘယ်လိုဖြစ်ရတာလဲ ... ဆေးမသောက်တော့အန်တယ်မလား"
"အဲ့တာက သက်တန့်သေရေးရှင်ရေးနဲ့ရင်ဆိုင်နေရတဲ့နေ့ ... ငါကဘယ်လိုစိတ်နဲ့ဆေးတွေသောက်ဖို့သတိရဦးမှာလဲ ... ငါ့ဘဝမှာ သက်တန့်ထက်အရေးကြီးတာမရှိဘူးဟိန်းလေးရဲ့"
"ဟူး ... ပြောရတာမောလိုက်တာ"
"ငါပြောတာတွေကိုနားလည်ရဲ့လား ... မင်းကအက်ဖ်ဖေဆိုတော့လေ ..."
"ခင်ဗျားဘာသာ သေချင်သေရှင်ချင်ရှင် ... ကျွန်တော်ဂရုမစိုက်တော့ဘူး ... ဒါပဲ"
ဟိန်းလေးတစ်ယောက်ဒေါသပုန်ထပြီးဖုန်းချသွားလေသည်။ တိမ်ယံက ဟက်ဟက်ပက်ပက်ရယ်နေသည်။ သူဖုန်းကနာရီကိုကြည့်လိုက်တော့ ရှစ်နာရီပင်ဖြစ်နေလေပြီ။ သူအလုပ်သွားဖို့ထရတော့မည်။ သူ့လက်မောင်းပေါ်ခေါင်းအုံးအိပ်နေသည့်လူသားလေး၏ခေါင်းကိုအသာအယာလေးမတင်လိုက်ပြီး သူ့ခါးကိုဖက်ထားသည့်လူသားလေး၏လက်ကလေးကို ဘေးနားအသာလေးချထားလိုက်သည်။ အခန်းထဲကလိုက်ကာတွေကို လိုက်ဖွင့်လိုက်သည်။ အပြင်မှာနေကတော်တော်ပူနေပြီဖြစ်သည်။ သူရေချိုးဖို့အတွက်ရေချိုးခန်းထဲဝင်သွားလိုက်သည်။ သူရေပန်းအောက်မှာမတ်တပ်ရပ်ရင်း သူကိစ္စအချို့ကိုစဥ်းစားနေသည်။
![](https://img.wattpad.com/cover/195181310-288-k279345.jpg)
YOU ARE READING
Love Me Like You Do🖤
Romance[Unicode]အားလုံးအကြိုက် Sugar Daddyလိုပုံစံမျိုးဇာတ်လမ်းလေး ...... [Zawgyi]အားလုံးအကြိုက် Sugar Daddyလိုပုံစံမျိုးဇာတ်လမ်းလေး ......