ဇာတ်သိမ်းပိုင်း🖤

59.4K 2.4K 86
                                    

"မရဘူးလို့ ... ဟန်းနီးမွန်းမသွားဘူး ... ခင်ဗျားကိုပဲဆေးကုမှာ ... ဟန်းနီးမွန်းမသွားရလို့ဘာမှမဖြစ်ဘူး"

"သက်တန့်ကလည်းကွာ မဟုတ်တာတွေမပြောပါနဲ့ ... ကိုယ်တို့မင်္ဂလာဆောင်ပြီး ဟန်းနီးမွန်းကတော့သွားရမှာပေါ့"

"မရဘူး မရဘူး မရဘူး ... ဟန်းနီးမွန်းသွားရင် ခင်ဗျားနဲ့ကွာရှင်းမယ်"

အနားမှာရှိသည့်ခေါင်းအုံးကြီးနဲ့တိမ်ယံ့ကိုပစ်ပေါက်ပစ်လိုက်ပြီး တရှူးရှူးနဲ့ဒေါသတွေထွက်နေလေသည်။

"သက်တန့် ..."

"လာမခေါ်နဲ့ ... ခင်ဗျားနဲ့စကားမပြောဘူး"

"ကိုယ်ပိုက်ဆံတွေအများကြီးရှာနိုင်နေပြီလေ ... မေမေ့ကုမ္ပဏီဘက်ကလည်းအမြတ်တွေထွက်လာတာ သင်တန့်လည်းအသိပဲလေ ... ကလေးပဲမော်လ်ဒိုက်သွားချင်တယ်ဆို ... ကိုယ်တို့သွားကြမယ်လေ"

"မနက်ဖြန်ကွာရှင်းစာချုပ်မှာလက်မှတ်ထိုး"

"သက်တန့်လေး ... ကိုယ်ကခွဲစိတ်မှုမလုပ်တော့ဘူးလို့ပြောနေတာမဟုတ်ဘူးလေ ... ကိုယ်တို့သွားလို့ရတယ်ဆိုတာပြောပြနေတာလေ"

သက်တန့်တစ်ယောက် သူ့ခေါင်းအုံးကြီးသူပိုက်ကာ အောက်ထပ်ကိုဆင်းသွားလေသည်။ အောက်ထပ်ကအခန်းလေးထဲမှာ သွားအိပ်နေသည်။ တိမ်ယံလိုက်လာတော့ အခန်းတံခါးကိုလော့ချထားလေသည်။

"ကလေး တံခါးဖွင့်ပါကွာ ... ကိုယ်ကကလေးကိုလိုက်ပို့ပေးချင်တာ ... ကလေးသွားချင်တဲ့နေရာတွေမှန်သမျှလိုက်ပို့ပေးချင်တာ"

"ခင်ဗျားကိုပဲဆေးကုမှာလို့ ... ဟန်းနီးမွန်းမသွားပါဘူးဆိုဗျာ ... ကျွန်တော့်ကိုဝမ်းနည်းရအောင်မလုပ်ပါနဲ့"

"ဟုတ်ပြီ ဟုတ်ပြီ ... ကိုယ်တို့စကားအေးဆေးပြောကြရအောင် တံခါးလေးဖွင့်ပေးနော်"

လော့ချထားသည်ကိုဖြုတ်လိုက်ပြီး တိမ်ယံ့ကိုအထဲဝင်ခွင့်ပေးလိုက်သည်။ တိမ်ယံကချော့ချင်လို့အနားကပ်ထိုင်ရင် ခေါင်းအုံးကြီးပိုက်ထားပြီး အနည်းငယ်ခွာသွားသည်။

"ကိုယ့်ကိုအနားကပ်ခွင့်တောင်မပေးတော့ဘူးလား"

"ဟန်းနီးမွန်းကိစ္စဆိုအနားမကပ်နဲ့"

Love Me Like You Do🖤Where stories live. Discover now