တိမ်ယံ အလုပ်ကနေစောစောလေးပြန်လာလိုက်သည်။ အခုတစ်လော ညဘက်တိုင်းသက်တန့်ကသူနဲ့အတူတူထမင်းစားဖို့စောင့်နေသည်။ ဒီနေ့လည်းသက်တန့်စောင့်နေရမှာစိုးလို့ သူစောစောလေးပြန်လာသည်။ အိမ်ကိုမြန်မြန်ပြန်ရောက်ချင်စိတ်ကများနေလို့ ကားကိုအရင်ထက်ပိုပြီးအရှိန်တင်ကာမောင်းလာသည်။ အိမ်ရောက်တာနဲ့သူချစ်ရတဲ့လူသားလေးကိုသူခေါ်မိသည်။
"သက်တန့်ရေ ကိုယ်ပြန်လာပြီ ... ကြောင်ပေါက်ကလေးရေ"
သူဘယ်လိုခေါ်ခေါ်အိမ်ကြီးကတိတ်ဆိတ်လို့နေသည်။ ဒေါ်ကြီးကသူ့ရဲ့အခန်းထဲကနေအပြေးထွက်လာသည်။
"ဒီနေ့ပြန်လာတာစောလိုက်တာကွယ်"
"ဟုတ်တယ် ... သက်တန့်ရော ဒီအချိန်ကြီးအိပ်နေတာလား"
"သက်တန့်ကအပေါ်ထပ်မှာရှိမယ်ထင်တယ် ... အိပ်ပျော်သွားတာကဒေါ်ကြီးပါ"
"သြော် ကျွန်တော်အပေါ်တက်ကြည့်လိုက်ဦးမယ်"
အပေါ်ထပ်ကိုခြေလှမ်းကျဲကြီးတွေနဲ့တက်လာလိုက်သည်။ အခန်းတံခါးကိုဖွင့်လိုက်တော့အခန်းထဲမှာသက်တန့်ကိုမတွေ့ရပါ။ ရေချိုးခန်းထဲကြည့်တော့လည်းမရှိပါ။
"သက်တန့် ကိုယ်ပြန်ရောက်ပြီ ... ကိုယ့်ကိုလန့်အောင်လုပ်မလို့ပုန်းနေတာလား"
ဘောင်းဘီအိတ်ထဲကဖုန်းကိုထုတ်ပြီး သူ့ရဲ့လူသားလေးဆီကိုဖုန်းခေါ်လိုက်သည်။ ဖုန်းသံကအခန်းထဲကထွက်လာသည်။ ဖုန်းသံလာရာနေရာဆီကိုသူလျှောက်သွားလိုက်သည်။ စားပွဲပေါ်ကဖုန်းလေး၏မျက်နှာပြင်ပေါ်မှာ "ကိုကို❤" ဆိုသည့်နာမည်လေးကိုတွေ့ရတော့ သူ့ရင်ထဲပန်းတွေပွင့်သွားသည်။
"အဆိုးလေး ခေါ်ပါဆိုတော့မခေါ်ဘူး"
ဖုန်းလေးကိုယူလိုက်တော့ အောက်ကစာရွက်အဖြူလေးကိုသူတွေ့လိုက်သည်။ သူခေါက်ထားတဲ့စာရွက်လေးကိုဖြန့်ကြည့်လိုက်သည်။
အရာရာအားလုံးအတွက်ကျေးဇူးတင်ပါတယ် ... ကျွန်တော့်ကိုလိုက်မရှာပါနဲ့ ...
YOU ARE READING
Love Me Like You Do🖤
Romance[Unicode]အားလုံးအကြိုက် Sugar Daddyလိုပုံစံမျိုးဇာတ်လမ်းလေး ...... [Zawgyi]အားလုံးအကြိုက် Sugar Daddyလိုပုံစံမျိုးဇာတ်လမ်းလေး ......