အပိုင်း - ၁၈🖤

28.6K 1.8K 94
                                    

ရဲစခန်းထဲရှိ ဧည့်သည်တွေ့ပေးသည့်အခန်းထဲတွင်ဖြစ်သည်။ လမင်းကိုဝှီးချဲဖြင့်ခေါ်လာခဲ့သည်။ ဝှီးခှဲပေါ်ကလမင်းကိုတွေ့လိုက်ရသည့်အခါ ဇန်မတ်တပ်ရပ်ပြီးငေးမောကြည့်နေမိသည်။

"ထိုင်လေ ... လမင်းလာမယ်လို့မထင်ထားလို့လား"

လမင်း၏ဝှီးချဲကို သက်တန့်ကတွန်းလာပေးသည်။ လမင်းကသက်တန့်၏လက်ကိုဆုပ်ကိုင်လိုက်ပြီး သက်တန့်ကိုမော့ကြည့်လိုက်သည်။

"မောင်လေး မမတို့အေးအေးဆေးဆေးစကားပြောချင်တယ်"

"ဒါပေမဲ့ ..."

"ရပါတယ် ... မမဘာမှမဖြစ်ပါဘူး စိတ်မပူပါနဲ့"

"အင်း ဒါဆို ကျွန်တော်အပြင်မှာစောင့်နေမယ်နော်"

"အင်းပါ"

သက်တန့်ထွက်သွားသည့်အခါ လမင်းကဇန့်ကိုတည့်တည့်စိုက်ကြည့်လိုက်သည်။

"ဇန် ပိန်သွားတယ်နော်"

"ဇန့်မှာပြောစရာစကားမရှိတော့ပါဘူး ... လမင်းကိုမောင်တောင်းပန်ပါတယ် ... မောင် ထွက်ပြေးခဲ့မိတယ်"

"ဘာလို့လဲ ... မောင် ဘာလို့လမင်းကိုထားခဲ့ရတာလဲ"

"မောင်ကြောက်နေခဲ့လို့ပါ ... မောင်စာမေးပွဲကလည်းဖြေထားတော့ ..."

"အဲ့ဒါနဲ့ပဲ လမင်းကိုအပြစ်တွေပုံချပြီးထားခဲ့တယ်ပေါ့"

"ဟုတ်ပါတယ် ... မောင်တောင်းပန်ပါတယ် ... မောင့်ကိုခွင့်မလွှတ်ပါနဲ့"

"တစ်သက်လုံးလည်းမေ့မရနိုင်သလို ခွင့်လွှတ်ဖို့ဆိုတာလည်းမဖြစ်နိုင်ဘူး ... လမင်းပြောတာမှန်တယ်မလား"

"ဒါပေမဲ့ မောင် လမင်းကိုတော့တကယ်ချစ်ခဲ့တာပါ"

"အချစ် ... အချစ်ဆိုတာကဆိုးတူကောင်းဖက်အတူတူဝေမျှတဲ့အရာလို့ လမင်းကသတ်မှတ်ထားခဲ့တာ ... ဒါပေမဲ့ လမင်းရဲ့သတ်မှတ်ချက်ကမှားနေခဲ့တာပဲနော် ... လမင်းအတွက် အချစ်ဆိုတာ ကောင်းရင်စံပြီး မကောင်ရင်ခံဖြစ်သွားပြီ ... အရာအားလုံးကိုအမှန်အတိုင်းဝန်ခံပြီး အပြစ်ဒဏ်ကိုအေးအေးဆေးဆေးလက်ခံလိုက်ပါ"

"မောင် အဲ့နေ့အတွက်နောင်တရနေရပါပြီ"

"လမင်းလည်းနောင်တရတယ် ... ‌ဇန်နဲ့ဆုံမိခဲ့တဲ့အတွက်"

Love Me Like You Do🖤Where stories live. Discover now