"မောင်တောင်းပန်ပါတယ်လမင်းရယ်"
လမင်းဖြူ၏ဘေးနားတွင်လက်ကလေးကိုဆုပ်ကိုင်ရင်းလူတစ်ယောက်ထိုင်နေသည်။ တောင်းပန်ပါတယ်ဆိုသည့်စကားကိုအထပ်ထပ်ဆိုနေသည်။ လမင်းဖြူသည် ထိုလူ၏တောင်းပန်စကားကိုမကြားနိုင်ဘဲ နှစ်ခြိုက်စွာအိပ်စက်နေသည်။
"ကျွန်တော်မမဆီသွားမလို့ ခင်ဗျားလိုက်မလား"
တစ်ခါမှမခေါ်စဖူးလာခေါ်သည့်သက်တန့်ကြောင့် အလုပ်ထိုင်လုပ်နေသည့်တိမ်ယံကြောင်သွားရသည်။
"ဘာလို့လဲသက်တန့် ... မနက်မှသွားပါလား ... အခုကမိုးလည်းအရမ်းချုပ်နေပြီ"
"မမဆီသွားချင်တယ် ... မသွားရတာနှစ်ရက်ရှိနေပြီ"
"အင်းပါ ... သက်တန့်သွားချင်ရင် ကိုယ်လိုက်ပို့ပေးမယ်နော်"
ဆေးရုံသို့လာသည့်လမ်းတွင် သက်တန့်ငြိမ်ကုပ်လို့နေသည်။
"သက်တန့် နေမကောင်းလို့လား ... ကိုယ်ဝယ်ပေးထားတဲ့အားဆေးတွေမသောက်ဘူးလား ... ကိုယ်သေချာမတိုက်တာနဲ့မသောက်ပြန်ဘူးလား"
"သောက်ပါတယ် ... နည်းနည်းလေးပင်ပန်းနေလို့ပါ ... ဘာမှမဖြစ်ပါဘူး"
ဆေးရုံသို့ရောက်သည်နှင့်ဆေးရုံထဲကိုသက်တန့်ကအရင်ဝင်သွားသည်။ မမကိုတွေ့ရတော့မယ်ဆိုသည့်အသိစိတ်ကြောင့်မြန်မြန်လေးလျှောက်လာသည်။ မမအခန်းနားရောက်ခါနီးမှ မမအခန်းထဲကနေလူတစ်ယောက်ထွက်သွားတာကိုတွေ့လိုက်ရသည်။ သက်တန့်လန့်သွားသည်။
"စိတ်မပူပါနဲ့ ... မမရဲ့အခန်းထဲကို ကိုယ်ရယ် မင်းရယ် ဆရာဝန်ရယ်ကလွဲလို့ ကျန်တဲ့သူဝင်လို့မရဘူး"
တိမ်ယံပြောပြခဲ့သည်ကိုသူပြန်ကြားယောင်လာသည်။ ရှပ်အင်္ကျီအနီကွက်နဲ့မို့ အပြင်လူဖြစ်ဖို့များသည်။ မမအတွက်သူစိုးရိမ်သွားသည်။ မမအခန်းဆီသို့မြန်မြန်ပြေးသွားလိုက်သည်။ မမကတော့နဂိုအတိုင်းအိပ်မြဲအိပ်နေဆဲဖြစ်သည်။ သက်တန့်အနောက်မှတိမ်ယံဝင်လာသည်။
"မမအခန်းထဲကိုလူတစ်ယောက်ဝင်တယ် ... စီစီတီဗီကြည့်လို့ရတယ်မလား ... ခင်ဗျားကပိုင်ရှင်ပဲ ခင်ဗျားပြောရင်တော့ရမှာပေါ့"
YOU ARE READING
Love Me Like You Do🖤
Romance[Unicode]အားလုံးအကြိုက် Sugar Daddyလိုပုံစံမျိုးဇာတ်လမ်းလေး ...... [Zawgyi]အားလုံးအကြိုက် Sugar Daddyလိုပုံစံမျိုးဇာတ်လမ်းလေး ......