သက်တန့်ရောင် သူ့ရဲ့တိုက်ခန်းလေးကိုပြန်လာခဲ့သည်။ သူ့ရြဲတိုက်ခန်းလေးကိုမြင်ရတာ သူစိတ်ချမ်းသာသည်။ သူတိုက်ခန်းကိုပြန်လာရတဲ့ရည်ရွယ်ချက်ကလေးက သူလက်ခံထားတဲ့ဖန်ပုလင်းလေးတွေ နှင်းဆီပန်းခြောက်တွေ ပန်းချီဆွဲပေးထားတဲ့စာရွက်ကလေးတွေ အကုန်စုသိမ်းလိုက်ပြီး စက္ကူပုံးတစ်ခုထဲထည့်ကာ အိမ်ပြန်ပိတ်ပြီး ထွက်လာခဲ့သည်။ စက္ကူပုံးကို ကားထဲထည့်လိုက်သည်။ သူကားပေါ်တက်မည်လုပ်နေစဉ် ဘောင်းဘီအိတ်ထဲမှဖုန်းကမြည်လာသည်။
"ဘာလဲ လူကြီး"
"ဘယဘယ်တွေသွားနေတာလဲ ... ကိုယ်အိမ်ပြန်ရောက်နေပြီ"
"ဘာလုပ်ဖို့အစောကြီးပြန်လာတာလဲ ... ခင်ဗျားကြီးအလုပ်မလုပ်ဘူးလား"
"ကြောင်ပေါက်ကလည်းကွာ အိမ်ကိုသာမြန်မြန်ပြန်လာခဲ့ပါ ... ကိုယ်မင်းကိုလွမ်းလှပြီ"
"ဟူး ခင်ဗျားကြီးကလည်းလေ မွေးကင်းစပေါက်စနကလေးလေးကျနေတာပဲ ... ဒါပဲ ကျွန်တော်ပြန်လာပြီ"
"ကိုယ်စောင့်နေမယ် မြန်မြန်လာ"
သက်တန့်ရောင်လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး ကားမောင်းထွက်လာခဲ့လိုက်သည်။ သက်တန့်ရောင်ရဲ့ကားလေးကလမ်းလေးထဲချိုးဝင်လာသည်။ အိမ်ရှေ့ရောက်တော့ခြံတံခါးကြီးကဖွင့်လျက်သားကြီးဖြစ်နေသည်။ သက်တန့်လည်းစဥ်းစားမနေတော့ဘဲ ခြံထဲသို့မောင်းဝင်လာလိုက်သည်။ တိမ်ယံအိမ်ပြန်ရောက်နေပြီလို့သိထားသော်လည်းတစ်အိမ်လုံးကမှောင်မဲနေသည်။
"ဘယ်လိုလူကြီးလဲမသိဘူး ... နေဝင်မီးလက်စီးပွားတက်ဆိုတဲ့စကားကိုမကြားဖူးဘူးလားမသိဘူး ... တစ်အိမ်လုံးမှောင်မဲနေတာပဲ"
ဖုန်းကဖလက်ရှ်မီးလေးကိုဖွင့်ပြီး အိမ်ထဲဝင်လာလိုက်သည်။
"ဟိုလူကြီး ဥဦးမင်းတိမ်ယံရေ ... မီးမဖွင့်ဘဲဘာလုပ်နေတာလဲ ... သရဲခြောက်တိုင်းကစားမလို့လား"
"Happy Birthday To You ... Happy birthday to you ... Happy birthday dear kitty .... Happy birthday to you"
မင်းတိမ်ယံ၏သီချင်းဆိုလို့ပြီးသည်နှင့် တစ်အိမ်လုံးကမီးတွေထိန်ထိန်လင်းလာပါတော့သည်။ ဧည့်ခန်းထဲမှာချိတ်ဆွဲထားသည့် "Happy Birthday" ဆိုသည့်စာတန်းလေးကမီးတွေမှိတ်တုတ်မှိတ်တုတ်ဖြင့် ခမ်းနားစွာတည်ရှိနေသည်။ 19ဆိုသည့်ဂဏန်းလေးဖြင့်မီးထွန်းထားသည့်ကိတ်မုန့်ကိုကိုင်ပြီးမင်းတိမ်ယံသူ့အရှေ့ကိုရောက်လာသည်။ ဒီနေ့မွေးနေ့ဆိုတာသတိရပေမဲ့ ဘာမှမလုပ်ဖြစ်ဘဲ ဒီအတိုင်းဖြတ်သန်းလာတာကြာခဲ့ပြီမို့ သိပ်ပြီးအရေးတယူလုပ်မနေခဲ့ပါ။ အခု မွေးနေ့ပွဲလေးလုပ်ပေးတော့ သူအရမ်းပျော်ရသည်။
VOUS LISEZ
Love Me Like You Do🖤
Roman d'amour[Unicode]အားလုံးအကြိုက် Sugar Daddyလိုပုံစံမျိုးဇာတ်လမ်းလေး ...... [Zawgyi]အားလုံးအကြိုက် Sugar Daddyလိုပုံစံမျိုးဇာတ်လမ်းလေး ......
