4

171 24 0
                                    

Zawgyi

Jin Hyuk တစ်ယောက်မနက်အိပ်ယာထကတည်းက စိတ်မအီမသာဖြစ်နေလေတယ်။ ဘာကြောင့်မအီမသာဖြစ်တယ်ဆိုတာကိုတော့ သူကိုယ်တိုင်လည်းမသိ။
မနေ့က Woo Seok တို့အိမ်ရှေ့ကပြန်လာချိန်ကတည်းက
နေရတာအဆင်မပြေပေ။
Training တွင်လည်း ကကွက်တွေခနခနမှားနေလေတယ်။
ကြာတော့ အတူတူTrain ခံနေရတဲ့ Jin Wook Hyung တို့ပင်ရိပ်မိနေလေပြီ။

" Jin Hyuk ya ဘာဖြစ်နေတာလဲ တနေကုန် "

" ဘာမှမဖြစ်ပါဘူး Hyung "

" ဘာကိုဘာမှမဖြစ်တာလဲ Jin Hyuk Hyung ဒီလောက် တနေကုန်အလွဲလွဲအချော်ချော်ဖြစ်နေတာကို "

Jin Wook Hyungဆီကိုရေဘူးကမ်းပေးရင်
ပြောလာတဲ့ Chang Hyunနဲ့
အငယ်ဆုံလေးDong Yeol ကြောင့်သက်ပြင်းခပ်ဖွဖွချမိတယ။်
ဒီလူတွေကိုဘာမှကွယ်ဝှက်ထားလို့မရပါလားနော်။

" Ya ဘာတွေသက်ပြင်းချနေတာလဲ ပြောပြ ဘာတွေဖြစ်နေတာလဲမင်းက "

" ဟုတ်တယ် ငါတို့ကိုမှမပြောရင်ဘယ်သူ့ကိုပြောမှာလဲ "

ိုစိတ်ပူစွာမေးတဲ့ထဲမှာအနေအေးတဲ့ Tae Bin Hyung နဲ့ Ye Inပါ ပါလာတော့ သူအားလုံးကိုသွားဖြဲပြပြီး ဘာမှမဖြစ်ကြောင်းသာပြောပြရတယ်။
သူတို့အားလုံးထင်သလို တစ်ခုခုဖြစ်နေတာဆိုရင်လည်းထုတ်ပြောလို့ရပေမယ့်
မိမိကိုယ်မိမိတောင်ဘာဖြစ်နေမှန်းမသိတာမို့ ဘယ်လိုများပြောရပါ့မလဲ။

" ဘာမှမဖြစ်ရင် လဒမှိုင်သလိုမှိုင်မနေနဲ့ သေချာလိုက်က "

ဆောင့်ဆောင့်အောင့်အောင့်ထွက်လာတဲ့ အသံကြောင့် Chang Hyun စိတ်ဆိုးသွားတာအသေအချာ။

" Chang Hyun ya "

ရုံးပတီသီးကအဖေခေါ်ရလောက်တဲ့အသံနဲ့လှမ်းခေါ်တဲ့Lee Jin  Hyuk ကြောင့် Chang Hyunခမျာအကြောင်သား။
Jin Hyukဆီက Ageyo မြင်ရဖို့ဆိုတာခက်ခဲလှသည်။
Training အတူဆင်းတဲ့ 2နှစ်ကျော်ကာလအတွင်း ဒုတိယအကြိမ်မြောက်မြင်ဖူးချင်းပင်။
ပထမတစ်ခါက Chang  Hyun Ent ကိုစဝင်တဲ့နေ့ကပင်။

" Ya Lee Jin Hyuk ပုံမှန်အသံနဲ့ပဲပြော "

" ဘာလဲ ငါ့ Ageyo မှာ မင်းကရင်ခုန်သွားလို့လား "

" ဘာ!  အဓိပ္ပာယ်မရှိတာ ငါ...ငါက ဘာလို့ရင်ခုန်ရမှာလဲ "

စကားတွေထစ် မျက်နှာကြီးရဲပြီးထွက်သွားတဲ့ Chang Hyun ကိုကြည့်ပြီး ကျန်တဲ့သူတွေအူတတ်နေကြတော့သည်။
Chang Hyun က Aegyo ဒဏ်လုံးဝမခံနိုင်ပေ။
သူတို့ Trainee တွေထဲက အငယ်ဆုံးဖြစ်တဲ့ Dong Yeol ဆိုရင် တစ်ခုခုဆို Chang Hyun ကို Aegyo လုပ်ပြီးချွဲနေကျပင်။

Dear Childhood Friend ( Zawgyi + Unicode)Where stories live. Discover now