Zawgyi
ကုတင်ပေါ်မှာအိပ်ပျော်နေတဲ့ကောင်လေးကို
Jin Hyukထိုင်ကြည့်နေမိတာ အတော်ပင်ကြာနေပြီဖြစ်သည်။
နောက်ဆိုဒီလိုထိုင်ကြည့်နိုင်ဖို့အခွင့်အရေးရှိပါ့မလားတောင် မသေချာပေ။
ထိုင်ကြည့်နေတုန်း လူးလွန့်လာတဲ့ခန္ဓာကိုယ်ငယ်ကြောင့်
ရေချိုးခန်းထဲအမြန်ပြေးသွာံးလိုက်တယ်။Woo Seok မိမိကိုတစ်စုံတစ်ယောက်ကြည့်နေတယ်
ဟူသောခံစားချက်ကြောင့် နိုးလာခဲ့သည်။
သူနိုးတဲ့အချိန်ဘေးမှာ Jin Hyuk မရှိတော့။
ရေချိုးခန်းထဲမှရေကျသံကြောင့်
Jin Hyukရေချိုးနေသည်ဆိုတာ တွေးမိတော့ပါးနှစ်ဖက်ကပူခနဲဖြစ်သွားရသည်။
သူဘာတွေတွေးနေမိပါလိမ့်။စားပွဲခုံပေါ်က Jin Hyuk ဖုန်းကမြည်လာတာကြောင့်ယူကြည့်လိုက်တော့
Jin Hyuk Omma" Jin Hyuk ahh ဖုန်းလာတယ် မင်းOmma "
စကားမဆုံးခင်ရေစက်လက်တဲ့ရေချိုးခန်းထဲကထွက်လာတဲ့
Jin Hyukကြောင့် Woo Seokမျက်နှာဒုတိယအကြိမ်ပူနွေးသွားရတယ်။
Jin Hyukကိုယ်တိုင်လည်း နားရွက်တွေနီရဲတဲ့အထိ ရှက်သွားရတယ်။" Ji..Jin Hyuk ahh "
" အာ Sorry ဖုန်းလာနေတယ်ဆိုလို့ "
" ရတယ် ငါ...ငါမျက်နှာသစ်လိုက်ဦးမယ် "
Woo Seok ရေချိုးခန်းထဲရောက်မှ ကိုယ့်ခေါင်းကိုယ်ပြန်ထုမိတယ်။
ဒီတိုင်းအင်္ကျီမဝတ်ထားရုံလေးကို
စိတ်တွေဂယောက်ဂယက်ဖြစ်သွားရတယ်လို့။" ကျွန်တော်ပြန်မလာချင်ဘူး Omma "
တစ်စွန်းတစ်စကြားလိုက်တဲ့အသံကြောင့်
အမှတ်မထင် နားစွင့်မိသွားတယ်။
ကြည့်ရတာ Jin hyuk အမေက
Jin Hyukကိုတနေရာခေါ်နေပုံရပြီး
Jin Hyukက ငြင်းနေဟန်။
သူများကိစ္စကိုစပ်စုမိပြီဟူသောအသိကြောင့်
Woo Seokအားနာစိတ်ဝင်သွားရတယ်။Woo Seokရေချိုးခန်းထဲကပြန်ထွက်လာချိန်အထိ
Jin Hyukကဖုန်းပြောလို့မပြီးသေးပေ။
Woo Seokလည်းအလိုက်တသိသာ အပြင်ထွက်လာလိုက်တယ်။
မနက်စာစားဖို့အတွက်ပြင်ဆင်နေတုန်း
Jin Hyukထွက်လာလေတယ်။" Morning WooShin-ie "
" Omm Morning "
" ဒေါ်လေးဖုန်းဆက်တာလား "
STAI LEGGENDO
Dear Childhood Friend ( Zawgyi + Unicode)
FanfictionIf you are just a dream, I'd call you a lovely and sad dream Why do you tell me that sweet voice " You are my best friend " Story by A_horn WeiShin Kim Woo Seok × Lee Jin Hyuk Cover by @channiesmile