Zawgyi
Traineeတွေအကုန်လုံးကို၂ရက်နားရက်ပေးထားတာကြောင့်
Jin Hyukတိုက်ခန်းကိုပြန်ခဲ့တယ်။
တိုက်ခန်းရောက်တော့ တံခါးကပွင့်လျက်သားဖြစ်နေတာမို့
ဦးငယ်ရောက်နေတယ်ဆိုတာ သူအလိုလိုသိလိုက်တယ်။
ဒီအခန်းPassword ကိုသိတာ သူနဲ့ဦးငယ်သာရှိတာမို့။" ဦးငယ် "
ဧည့်ခန်းထဲမှာ ပစ္စည်းတွေတွေ့ပြီးလူမတွေ့တာမို့အော်ခေါ်မိတော့
မီးဖိုခန်းထဲကထွက်လာသူ။" ဦးငယ် ဘာတွေချက်နေတာလဲ "
" ရေနွေးတည်နေတာ Ya မင်းအိမ်ကလူနေတဲ့အိမ်ရောဟုတ်ရဲ့လား
ခေါက်ဆွဲခြောက်ပြုတ်ဖို့ရေနွေးတောင်မရှိဘူး "" အဟဲ သားမှ ဒီမှာမနေနေဘဲ "
" မင်းကဒီမှာမနေဘဲ ဘယ်မှာသွားနေလို့လဲ "
" Company မှာ "
" မင်းAppaကမင်းကို Company မှာမနေစေချင်လို့ တိုက်ခန်းဝယ်ပေးထားတာမဟုတ်ဘူးလား။
မင်း အဲ့ကိုပြောင်းနေတာ မင်းAppaသိလား "" သိစရာလား "
" မင်းက ပြဿနာကိုမီးခွက်ထွန်းရှာနေတာပဲ ဟင်
မင်းAppaသာ မင်းဟိုမှာပြောင်းနေတာသိရင်
ငါကကြားထဲကအပွားခံရဦးမယ် "" Appaက ဦးငယ်မပြောရင်မသိပါဘူး "
" ငါမပြောတာနဲ့မင်းအဖေကမသိတော့ဘူးလား ပြောစမ်းပါဦး "
" နောက်မှသားဘာသာပြောမယ်လေ ဦးငယ်ကသာမသိချင်ယောင်ဆောင်ပေး နော် နော် နော် "
Ageyoထုတ်သုံးကာချွဲလိုက်တော့ ချက်ချင်းအရည်ပျော်သွားတဲ့ဦးငယ်။
ဦးငယ်ကAppaရဲ့ညီအငယ်ဆုံးဖြစ်ပြီး
Jin Hyuk နဲ့အသက်၁၀နှစ်သာကွာသည်။
ငယ်ငယ်ကတည်းက Jin Hyuk ကိုပြုစုစောင့်ရှောက်ခဲ့သူဆိုလည်းဖြစ်သည်။" ဘယ်လိုဖြစ်လို့ အဆောင်ပြောင်းနေတာလဲ "
ဦးငယ်ကခေါက်ဆွဲပြုတ်အဖတ်တွေကိုတူနဲ့ညှပ်ယူနေရင်းမေးလာလေတယ်။ အခြားသူတွေနဲ့ဆိုဖာသိဖာသာနေတတ်တဲ့ဦးငယ်က
သူ့နဲ့ပတ်သက်သည့်အရာကိုစိတ်ဝင်စားတာတွေ့ရတော့
အနည်းငယ်အံ့ဩမိသည်။" ကျွန်တော် ပြန်ရှာတွေ့ပြီ ဦးငယ် "
Jin Hyuk စကားကြောင့် ဦးငယ်လက်ထဲကတူပင်ပြုတ်ကျသွားတော့သည်။
YOU ARE READING
Dear Childhood Friend ( Zawgyi + Unicode)
FanfictionIf you are just a dream, I'd call you a lovely and sad dream Why do you tell me that sweet voice " You are my best friend " Story by A_horn WeiShin Kim Woo Seok × Lee Jin Hyuk Cover by @channiesmile