1

378 35 0
                                    

2014 ခုနှစ်ရဲ့နေ့ရက်တစ်ခု
Top Media Entertainment ရှေ့နားမှာ
စိတ်လှုပ်ရှားစွာရပ်နေတဲ့ ကောင်လေးတစ်ယောက်
ပါးစပ်ကလဲ " Kim Woo Seok မင်းလုပ်နိုင်တယ် " ဆိုတဲ့စကားကိုအထပ်ထပ်အခါခါရေရွတ်လျက်။

Kim Woo Seok တစ်ယောက်စိတ်လှုပ်ရှားမှုကိုပြေပျောက်စေရင်
အမျိုးမျိုးကြိုးစားနေပါသော်လည်း
အချိန်အတော်ကြာသည်အထိ စိတ်လှုပ်ရှားမှုကပျောက်မသွား။
ဒီနေ့ကသူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲနိုင်မယ့်နေ့။
သူ့ရဲ့ငယ်ဘဝအိမ်မက်တို့အကောင်အထည်ဖော်ဖို့
ပထမဆုံးခြေလှမ်းကိုစတင်တဲ့နေ့။
စိတ်လှုပ်ရှားစွာ Top Media ရှေ့မှာရပ်နေမိတုန်းမြည်လာတဲ့ဖုန်းသံကြောင့် အနည်းငယ်လန့်မိသွားသည်။
Contact ကြည့်မိတော့ Omma

" ဟဲလို Omma "

" Audition ဖြေမယ့်ဆီကို ရောက်နေပြီလား သားလေး "

" အွန်း Omma သားအခု Entertainment ရှေ့မှာ"

" မဝင်ရသေးဘူးလား ဘာလဲအရမ်းစိတ်လှုပ်ရှားနေလို့လား "

" အွန်း Omma ကျွန်တော်ကြောက်တယ် Audition မအောင်ရင်ဘယ်လိုလုပ်မလဲ "

" Omma သားလေးက ရုပ်လဲချောသလို အသံလည်းကောင်းတာပဲ အောင်မှာပါ
Ommaပြောတာကိုယုံ။ တကယ်လို့အခုတစ်ကြိမ်မအောင်လဲဘာဖြစ်လဲ နောက်တစ်ကြိမ်ကြိုးစားတာပေါ့ Ommaရော Appa ရောအားပေးနေတာမို့ အကောင်းဆုံးသာလုပ်လာခဲ့ သိပြီနော်
အခုဖုန်းချပြီးတော့ အထဲဝင်တော့နော် "

" Nae Omma ဒါဆိုဖုန်းချလိုက်ပြီ "

" အင်း Fighting "

Omma နဲ့ဖုန်းပြောပြီးတော့အားတင်းပြီး Entertainment ထဲသို့ဝင်ခဲ့တယ်။
အထဲမှာသူကဲ့သို့Auditionလာဖြေသူတွေအများအပြား။
အားလုံးထဲမှ Training ဆင်းခွင့်ရမယ့်သူ ၁၀ယောက်ကိုသာရွေးမှာမို့အားလုံးကအသေအလဲကြိုးစားကြမည်မှာအသေအအချာ။
Audition ဖြေမယ့်သူတွေအားလုံးကို နံပါတ်ပြားလေးတွေပေးတာမို့ အင်္ကျီပေါ်တွင်ကပ်ထားလိုက်သည်။
အခုမှ၁၀ယောက်သာခေါ်သေးတာမို့ လူမရှိသည့်နေရာတစ်ခုရှာက သီချင်းလေ့ကျင့်နေလိုက်သည်။

Lee Jin Hyuk တစ်ယောက် အိပ်ယာထနောက်ကျတာကြောင့် Vocal classလွတ်သွားလေပြီ။
ထို့ကြောင့်လူသိပ်မလာသည့်အောက်ဆုံးထပ်ရှိ Practice Room ထဲတွင် အကကျင့်နေလိုက်သည်။
အကကျင့်နေစဉ် နားထဲကိုဝင်လာသည့်ခပ်တိုးတိုးသီချင်းဆိုသံကြောင့်
ကခြင်းအမှုကိုရပ်လိုက်ပြီးအပြင်ဘက်မှာဝေ့ဝဲရှာမိတော့
တံခါးနောက်ကွယ်မှာ သီချင်းလေ့ကျင့်နေတဲ့ ကောင်လေးတစ်ယောက်။
အင်္ကျီမှာကပ်ထားတဲ့နံပါတ်ကြောင့်
Audition လာဖြေတဲ့ကောင်လေးဖြစ်မည်ဆိုတာခန့်မှန်းမိသည်။
96 သူAudition ဖြေတုန်းကရခဲ့တဲ့နံပါတ်နဲ့တူညီနေလေရဲ့။

Dear Childhood Friend ( Zawgyi + Unicode)Où les histoires vivent. Découvrez maintenant