Zawgyi
Yohanအခုရောက်နေတာ SOPAအထက်တန်းကျောင်း။
သူလိုအားကစားသမားနဲ့
Idolတော်တော်များများတတ်တဲ့ကျောင်းက
ဘာမှတော့မသက်ဆိုင်လှ။
ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအတွက် Campဝင်ရမယ်ဆိုလို့သာရောက်နေခြင်း။
ကျောင်းကကျယ်တဲ့အပြင် လမ်းတွေလည်းရှုပ်တာမို့
အားကစားခန်းမကိုတော်တော်နဲ့ရှာမတွေ့။
အထက်တန်းတွေအောင်လက်မှတ်
ထုတ်ပေးတဲ့ရက်မို့လို့လားမပြောတတ် SOPAမှာကျောင်းသားတွေရှုပ်ယှက်လျက်။
ဘယ်လမ်းကိုသွားရမှန်းမသိတော့၍
ရှေ့မှာရပ်တဲ့အရပ်ရှည်ရှည်အကိုတစ်ယောက်ကိုမေးလိုက်တယ်၊" ဟို အားကစားခန်းမကိုသွားတဲ့လမ်းကိုသိပါသလား။
ကျွန်တော်လမ်းပျောက်နေလို့ပါ "လှည့်ကြည့်လာတဲ့အကိုရဲ့နောက်က ကောင်လေးကြောင့်
Yohanခနတာမင်သက်သွားရတယ်။
ယောက်ျားလေးတစ်ယောက်ဖြစ်နေပေမယ့်
သူက လှလွန်းတယ်။
Yohanတွေ့ဖူးသမျှမိန်းကလေးတွေအားလုံးထက်
သူကပိုလှတယ်။
မျက်လုံးဝိုင်းဝိုင်းလေးနဲ့သူ့ကိုလှမ်းကြည့်လိုက်ချိန်မှာ
သူစိတ်ထဲတမျိုးလေးခံစားသွားရတယ်။" Woo Seok yaဖြေလိုက်ဦးလေ "
Woo Seokလည်းမိမိကိုကြည့်နေသူကြောင့်
နေရခက်သွားတယ်။Jin Hyukအသံကြားမှ
သတိပြန်ဝင်လာပုံရတဲ့ကောင်လေးဟာ Woo Seokကိုပြုံးပြလာတယ်။" ဟိုရှေ့ကလမ်းထဲမှာ အားကစားဆောင်က "
" ဟုတ် ကျေးဇူးတင်ပါတယ် "
" ရပါတယ် Jin Hyuk ya သွားရအောင် "
Yohanတစ်ယောက်ကျောခိုင်းသွားတဲ့ကျောပြင်ငယ်ကို
ငေးကြည့်နေမိတယ်။ Love in the first sight ဆိုတာမျိုးကိုကြုံဖူးသွားပြီထင်ရဲ့။~ ကျွန်တော်တို့နောက်တစ်ခေါက်ထပ်ဆုံရရင်ကောင်းမှာပဲ
Woo Seok ssi ~အားကစားခန်းမကိုရောက်တော့ သူ့ထက်အရင်ရောက်နေတဲ့
Hangyul" Kim Yohanနောက်ကျနေပါလား မင်း ငါ့ထက်အရင်သွားတာမဟုတ်ဘူးလား "
" အင်း ငါလမ်းပျောက်နေလို့ "
Hangyulမေးတာပြန်ဖြေနေပေမယ့် Yohanရဲ့စိတ်တွေက အစောကတွေ့ခဲ့တဲ့ကောင်လေးထံရောက်နေတယ်။
VOUS LISEZ
Dear Childhood Friend ( Zawgyi + Unicode)
FanfictionIf you are just a dream, I'd call you a lovely and sad dream Why do you tell me that sweet voice " You are my best friend " Story by A_horn WeiShin Kim Woo Seok × Lee Jin Hyuk Cover by @channiesmile