14

108 14 0
                                    

Zawgyi

Auditionဖြေတဲ့နေ့...

ဖျော့တော့နေတဲ့Woo Seokကိုကြည့်ပြီး
Jin Hyukစိတ်ပူမိတယ်။

" Woo Seok ahhအဆင်ပြေရဲ့လား "

" အဆင်ပြေပါတယ်ဆို "

" သေချာတယ်နော် "

" အင်း "

အဖြစ်သည်းစွာ Woo Seokကိုဂရုစိုက်နေတဲ့
Jin Hyukကို YeInမျက်စောင်းသာလှိမ့်ထိုးနေမိတယ်။
အရင်းနှီးဆုံးသူငယ်ချင်း Chang Hyun
တစ်လလောက်ဆေးရုံတတ်ရတာတုန်းကတောင်
တစ်ခါထပ်ပိုပြီးသွားမကြည့်ခဲ့တဲ့သူက
Woo Seokကိုကျတော့သည်းသည်းလှုပ်နေသည်မှာ
အမြင်ကပ်စရာ။

" Woo Seok Hyung ကျွန်တော်တို့ You You You ကိုပြန်တိုက်ရအောင် "

" အင်း Woo Hyunရော "

" Make up Roomထဲမှာစောင့်နေတယ် "

Hwan Hee, Woo Seokကိုခေါ်ထုတ်သွားရင်း
Jin Hyukကိုလျှာထုတ်ပြောင်ပြလိုက်တယ်။
ဒီလောက်တောင်အဖြစ်သည်းနေတဲ့ကောင်
ဘာတတ်နိုင်သေးလဲဆိုတဲ့သဘောဖြင့်။
Jin Hyukကလက်သီးပြန်ထောင်ပြတာမို့
အသံထွက်သည်အထိရယ်မိတယ်။

" ဟ ဟ "

" Hwan Hee ahhဘာဖြစ်လို့လဲ "

" ဘာမှမဟုတ်ပါဘူး ရှဥ့်တစ်ကောင်အစာနင်နေလို့ "

Hwan Hee ပြောတာကိုနားမလည်တဲ့Woo Seokက
အနီးအနားကိုဝေ့ဝဲကြည့်ပြီးမှ

" ရှဉ့် မတွေ့ပါဘူး ဘယ်မှာလဲ "

" ဘာမှမဟုတ်ဘူး သွားရအောင် "

Woo Seokပုခုံးကိုဖက်ရင်းထွက်သွားတဲ့
Hwan Heeကိုကြည့်ပြီး
Jin Hyukသက်ပြင်းချရုံသာ
တတ်နိုင်တော့တယ်။

" Vocal Line သုံးယောက် အဆင်သင့်ပြင်ထားပေးပါ "

Staffအစ်ကိုတစ်ယောက်ရဲ့ စကားအဆုံးမှာ
Woo Seok,  YeInနဲ့
နောက်ထပ်ကောင်လေးတစ်ယောက်
Make up roomထဲကထွက်လာကြတယ်။
Make upအများကြီးလိမ်းထားခြင်းမရှိပေမယ့်
အရင်ကတည်းက ပန်းနုရောင်သွေးပြေးနေတဲ့
Woo Seokနှုတ်ခမ်းက နှုတ်ခမ်းနီအကူအညီနဲ့
ရဲရဲလေးဖြစ်နေတယ်။
Jin Hyukခမျာ Woo Seokနှုတ်ခမ်းကိုကြည့်ပြီး
ရေငတ်သလိုခံစားရတာကြောင့်တံတွေးမျိုချနေမိတာ အခါခါပင်။
Stageပေါ်မတတ်ခင် Stylishက သုံးယောက်လုံးကို
ဆင်တူမျက်နှာဖုံးပေးတယ်။
မျက်နှာဖုံးကအမဲရောင်ဖြစ်ပြီး မျက်နှာတစ်ခုလုံးတွင်
နှုတ်ခမ်းနဲ့မေးစေ့သာ မြင်ရအောင်အကာအကွယ်ပေးနိုင်သည်။
Outfitတွေသာမက ဆံပင်စတိုင်လ်ကိုပါဆင်တူလုပ်ပေးထားတာမို့
ဘယ်သူဆိုတာအလွယ်တကူမမှတ်မိနိုင်။

Dear Childhood Friend ( Zawgyi + Unicode)Where stories live. Discover now