Zawgyi
ဖုန်တတ်နေတဲ့ အခန်းကိုကြည့်ပြီး
Jin Hyukသက်ပြင်းချမိတယ်။
လူမနေတာ ၆လလောက်ကြာတဲ့အိမ်မှန်းသိသာစွာ
နေရာတိုင်းမှာ ဖုန်တို့ပေပွလျက်။
တကယ်ဆို မနေ့ကတည်းက
ဦးငယ်ဆီဖုန်းဆက်ပြီးလူလွှတ်ခိုင်းလိုက်ရမှာ။
အခုတော့ တအိမ်လုံးကို သူတစ်ယောက်တည်းရှင်းရတော့မည်။ဆိုဖာတွေအပေါ်အုပ်ထားတဲ့ အစွပ်တွေဖယ်ကာ
တိုက်ခန်းသန့်ရှင်းရေးစလုပ်ရတော့သည်။
တခန်းလုံး လူလူသူသူဖြစ်သွားချိန်မှာ
နေ့လည်စာထမင်းစားချိန်ပင်ကျော်နေလေပြီ။
တနေကုန်လှုပ်ရှားထားတာကြောင့် ဗိုက်ကလဲဆာနေပြီဖြစ်တာမို့ ရေမြန်မြန်ချိုးကာ
လမ်းမှာဝင်ဝယ်လာတဲ့ ခေါက်ဆွဲခြောက်ကိုသာ
အလွယ်တကူပြုတ်သောက်လိုက်တော့သည်။
ခေါက်ဆွဲစားပြီးတော့ အိုးပင်မဆေးနိုင်ဘဲ ဆိုဖာပေါ်တွင်သာအိပ်မောကျသွားတော့သည်။မီးဖိုထဲက ရေကျသံကြောင့် Jin Hyukလန့်နိုးလာခဲ့သည်။
နံရံကနာရီကိုလှမ်းကြည့်လိုက်တော့ ၇နာရီ
အိမ်ထဲတွင် လူစိမ်းရှိနေသည်ဟူသောအသိကြောင့်
Jin Hyukနည်းနည်းကြောက်သွားမိသည်။
သူခိုးဆိုပြဿနာမရှိပေမယ့် ဓားပြဆို သူ့အတွက်အန္တရာယ်ရှိသည်မဟုတ်ပါလား။
Jin Hyukမဆေးးရသေးအဲ့ ဒယ်အိုးကိုကိုင်တာ
မီးဖိုခန်းဆီကို ခြေသန်သန်လုံလုံနဲ့ ကပ်သွားလိုက်တယ်။
အထဲကိုလှမ်းကြည့်လိုက်တော့
သူခိုးကသူ့ရေခဲသေတ္တာထဲက ရေတွေကိုပင်ယူသောက်နေသေးသည်။
ရုတ်တရက် အနောက်ကိုလှည့်လာတဲ့သူခိုးကြောင့်
နံရံအကွယ်မှာ ပြေးကပ်လိုက်ရသည်။
တော်ကြာ သူ့ကိုမြင်ပြီး တစ်ခုခုလုပ်သွားရင်မခက်ပါလား။" Ya Lee Jin Hyuk နိုးပြီလား "
ရင်းနှီးနေတဲ့အသံကြောင့် ခေါင်းပြူကချောင်းကြည့်လိုက်တော့
သူ့ကိုကြည့်နေတဲ့ ဦးငယ်။" ဦးငယ် ဘယ်တုန်းကရောက်တာလဲ တံခါးဖွင့်သံလည်းမကြာဘူး "
" ငါရောက်ကတည်းက တံခါးကပွင့်နေတာ "
" ကျွန်တော်တံခါးမပိတ်ဘဲ အိပ်ပျော်သွားတာဖြစ်မယ်။
ဒါနဲ့ ဘာလာလုပ်တာလဲ ရုတ်တရက်ကြီး "
ČTEŠ
Dear Childhood Friend ( Zawgyi + Unicode)
FanfikceIf you are just a dream, I'd call you a lovely and sad dream Why do you tell me that sweet voice " You are my best friend " Story by A_horn WeiShin Kim Woo Seok × Lee Jin Hyuk Cover by @channiesmile