Zawgyi
Sang Hoon Hyungရဲ့ Halloween Party ကိုအကြောင်းပြုလို့ Jin Hyuk နဲ့ Woo Seok မှာ အရင်လိုစိမ်းသက်မနေတော့။ Course လည်းတူ Roommate လည်းဖြစ်နေတာကြောင့်စိတ်တူကိုယ်တူ
သွားအတူ စားအတူဖြစ်လာသည်။
တခါတလေ သူ့ကိုပင် အဖက်မလုပ်ဘဲ
နှစ်ယောက်တစ်ကမ္ဘာဖြစ်နေတတ်တဲ့
Jin Hyuk နဲ့ Woo Seok ကို Peakတကယ်ကြည့်မရတော့။
အခုလည်းကြည့် နေမကောင်းတဲ့ Peak ကိုဘေးနားထားပြီး
Woo Seok Hyung ကို နေကောင်းရဲ့လားစစ်ဆေးနေသော Jin Hyuk Hyung." Jin Hyuk Hyung အရမ်းလွန်တာပဲ နေမကောင်းဖြစ်နေတာကျွန်တော်ပါ
ဘာလို့ Woo Seok Hyung နဖူးကိုသွားစမ်းနေတာလဲ "Peakအမြင်ကပ်ကပ်နဲ့ထပြောတော့ နားရွက်ဖျားတွေရဲလာတဲ့ Hyung
Woo Seok Hyung ကတော့ တခိခိရယ်နေလေရဲ့။" ငါ... ငါ သန့်စင်ခန်းခနသွားလိုက်ဦးမယ် "
သန့်စင်ခန်းလို့ပြောကာအပြင်ထွက်သွားသူကြောင့်
Woo Seok ရယ်မဆုံးတော့။
အရှက်လွန်ပြီးထွက်သွားတဲ့ Jin Hyuk Hyungက Woo Seok Hyung အပေါ်ဘယ်လိုစိတ်ထားတယ်ဆိုတာ
Peakရိပ်မိသည်။
Peakတင်မဟုတ် Senior Traineeတွေအားလုံးသိကြသည်။အကြည့်တွေကသိသာသည်လေ။
Woo Seok Hyungကသာ တုံးလွန်းအားကြီးလို့မသိတာပင်။
ထိုင်းနိုင်ငံမှာက ဒါမျိုးတွေမဆန်းတာမို့ Peakအနေနဲ့ဘာမှထွေထွေထူးထူးမခံစားရ။သုံးလဆိုတဲ့အချိန်ကာလတစ်ခုကုန်ဆုံးပြီး
Traineeသက် ၆လကျော်လာချိန်မှာ
Woo Seok ရဲ့ အရည်အချင်းတို့
ပိုမိုတိုးတတ်ခဲ့ပြီဖြစ်သည်။
အကစွမ်းရည်လည်းတိုးတတ်လာသလို
Vocalကိုလည်း လိုသလိုထိန်းချုပ်လာနိုင်သည်။
အချိန်တိုအတွင်း အများကြီးတိုးတတ်လာသည့်
Woo Seok ကိုTrainer တိုင်းက ချီးကျူးကြသည်။
အဲ့လိုချီးကျူးခံရတိုင်း Woo Seok ကို ဂုဏ်ယူအပြုံးတွေနဲ့ငေးကြည့်နေတတ်သူက
Jin Hyuk ပင်။
Woo Seok လုံးဝမတိုးတတ်တဲ့အရာလည်းရှိသည်။
ထိုအရာမှာ Rap-skillပင်။
Trainerတွေတင်သာမက
Jin Hyukပါတူတူလေ့ကျင့်ပေးသော်လည်း
Rap skillကတော့ တတ်မလာခဲ့ပေ။
နောက်ဆုံးတွင်တော့ လက်လျော့လိုက်ရသည်။Woo Seok နဲ့ Jin Hyuk လေ့ကျင့်ရေးသင်ခန်းစာတွေပြီးလို့ အဆောင်ကိုပြန်ချိန်မှာ ပစ္စည်းတွေသမ်းဆည်းနေတဲ့
Peak ကိုတွေ့ရတယ်။
Peakက Traineeသက်တမ်း ၆လပြည့်သွားတာကြောင့် စာချုပ်ထပ်မချုပ်ဘဲ Thaiသို့ပြန်မည်ဖြစ်သည်။
၆လကျော်အတွင်းရင်းနှီးခဲ့တဲ့သံယောဇဉ်တွေကမနည်းတာမို့ Jin HyukရောWoo Seok ပါစိတ်မကောင်းကြ။
ŞİMDİ OKUDUĞUN
Dear Childhood Friend ( Zawgyi + Unicode)
Hayran KurguIf you are just a dream, I'd call you a lovely and sad dream Why do you tell me that sweet voice " You are my best friend " Story by A_horn WeiShin Kim Woo Seok × Lee Jin Hyuk Cover by @channiesmile