6

152 32 0
                                    

Zawgyi

Woo Seok တစ်ယောက် အဝတ်အစားတွေပြန်ယူရန်အိမ်ပြန်ခဲ့တယ်။
Appaရော Ommaရော
မျက်နှာမကောင်းကြတာမြင်ရတော့
သူပါစိတ်မကောင်း။
Ommaနဲ့ Appaက သူ့ကိုငယ်ငယ်ကတည်းကသားသမီးအရင်းလိုစောင့်ရှောက်လာတဲ့သူတွေမို့ သူ့ကိုစိုးရိမ်ပြီးစိတ်ပူသည်ဆိုတာကိုနားလည်သည်။
တစ်ဖက်မှာကျတော့ ငယ်ဘဝအိမ်မက်မို့ သူလက်မလွှတ်ချင်။

" Wuri အမကြီး Kim ဘာတွေဖြစ်နေတာလဲ "

နောက်ကသိုင်းဖတ်ရင်း စသလိုနောက်သလိုမေးလိုက်တော့
မျက်ရည်တွေသုတ်ပြီး သူ့ဘက်လှည့်လာတဲ့ Omma

" Omma ဘာဖြစ်လို့လဲ ဘာကိစ္စရှိလို့လဲ သားကြောင့်လား "

" Woo Seok ya "

ဘာမှမပြောဘဲ သူ့နာမည်သာခေါ်ပြီးငိုနေသော Ommaကြောင့်
Woo Seok စိတ်မကောင်းဖြစ်မိတယ်။
တသက်နဲ့တကိုယ် ပထမဆုံးအကြိမ်
သူ့ကြောင့်Ommaမျက်ရည်ကျရခြင်းပင်။

~ Mianhaeyo Omma ~

" Omma သားကိုကြည့် "

Woo Seok ပြောစကားကြောင့်ငိုနေရာမှ ရပ်သွားပြီး သားဖြစ်သူမျက်လုံးတွေကို ကြည့်လာတဲ့ Mrs.Kim

" Omma သားကိုစိတ်မချဘူးမလား
သားကငယ်ငယ်ကတည်းကခနခနနေမကောင်းဖြစ်လို့
စိတ်ပူတယ်မလား သိတယ် သားကOmmaစိတ်ကိုနားလည်တယ်
ဒါပေမဲ့ သားက ကြံ့ခိုင်အောင်ကြိုးစားပြီး သားရည်မှန်းချက်ကိုပြည့်စုံအောင်ကြိုးစားချင်တယ်။
Ommaလည်းသားကိုStageစင်ပေါ်မှာမြင်ချင်တယ်မလား။
သား လူတွေအများကြီးချစ်တာခံရတဲ့သူဖြစ်ချင်တယ်။
Ommaကသားကိုယုံကြည်ပေးလို့မရဘူးလားဟင် "

Woo Seok ရဲ့စကားကြောင့် Mrs.Kim နှုတ်ခမ်းတို့ယောင်ယောင်လေးပြုံးသွားလေတယ်။

~ Ommaရဲ့ကောင်စုတ်လေး
အရွယ်ရောက်လာပြီပဲ ~

" Woo Seok ya Ommaကသားကိုယုံတယ်
ယုံကြည်တာမို့လို့ သားကအကောင်းဆုံးကြိုးစား
လိုအပ်တာမှန်သမျှ Ommaတို့ ထောက်ပံ့ပေးမယ်
ပြီးတော့ တစ်ခုခုအဆင်မပြေရင် အိမ်တန်းပြန်လာ
Ommaအတွက်က Idolမဖြစ်လဲ
Woo Seokkie က Ommaသားပဲ သိပြီလား
ပြီးတော့ ကိုယ့်ကိုယ်ကို ဂရုစိုက် "

Dear Childhood Friend ( Zawgyi + Unicode)Donde viven las historias. Descúbrelo ahora