Zawgyi
Jin Hyukအဆောင်ပြန်ရောက်တော့
သူ့ကိုအသေအချာကြည့်နေတဲ့ Woo Seokကြောင့်
စိတ်ထဲထူးဆန်းနေသည်။" Woo Seok ya ရော့ Expresso "
" Jin Hyukဆိုတာ ငယ်ငယ်ကတည်းကနာမည်လား "
" သိ... သိသွားပြီလား။ "
" အင်း သိသွားပြီ။ မင်းက Lee Jin Hyukမဟုတ်ဘဲ
Han Sung Junဆိုတာကို "" ဘယ်လိုလုပ်သိသွားတာလဲ ငါဆိုတာ "
" ဘာလို့လဲ။ ဘာလို့ငါ့ကိုဖုံးကွယ်ထားတာလဲ။
မင်းက Sung Junဆိုတာ "" ငါပြောပြလို့မှတ်မိတာထက် မင်းရဲ့စိတ်ကမှတ်မိတာကိုလိုချင်ခဲ့တာ။ "
Jin Hyukအဖြေကြောင့် Woo Seokစိတ်မကောင်းဖြစ်သွားရတယ်။
ချစ်ပါတယ်ဆိုပြီး မမှတ်မိခဲ့သူကသူမဟုတ်လား။" Mianhae ငါမမှတ်မိခဲ့လို့ "
" Gwinchana "
အတန်ကြာတိတ်သွားပြီးမှ Woo Seokကထပ်မေးလာတယ်။
" ဘယ်လိုလုပ်မှတ်မိနေတာလဲ ငါဆိုတာကို "
" ငါကျောင်းမှာသွားပြန်စုံစမ်းခဲ့တယ်။ မင်းအဆင်ပြေပြေရှိနေလားဆိုပြီး
ဒါပေမယ့် မင်းတို့အိမ်ပြောင်းသွားပြီဆိုတာပဲသိခဲ့ရတာ "" အင်း အိမ်ကမီးလောင်တဲ့ထဲပါသွားတယ်။
အဲ့တာကြောင့် ဖွားဖွားတို့ရှိတဲ့ Seoulကိုပြောင်းလာခဲ့ကြတာ "" အင်း ပင်ပန်းခဲ့မှာပဲ မင်း "
" ငါ့ထက်စာရင် Ommaတို့ Appaတို့ကပိုပင်ပန်းခဲ့ကြတာ "
" အန်တီလေးတို့နေကောင်းကြတယ်မလား "
" ကောင်းကြတယ် မင်းကိုတွေ့ရင်ဝမ်းသာနေတော့မှာပဲ "
" ငါလည်း အန်တီလေးနဲ့ဦးလေးကိုသတိရတယ် "
" ဒါနဲ့ နာမည်ကပြောင်းလိုက်တာလား "
" အင်း ငါSeoulရောက်ပြီးတော့
Appaကနာမည်ပြောင်းပေးခဲ့တာ "စကားပြောနေရင်း လှမ်းဖက်လိုက်တဲ့Woo Seok ကြောင့်
Jin Hyukခပ်တောင့်တောင့်ဖြစ်သွားတယ်။" ကျေးဇူးတင်ပါတယ် ငါ့ကိုမှတ်မိနေပေးလို့ "
* ငါမင်းကိုအရမ်းလွမ်းနေခဲ့တာ *
STAI LEGGENDO
Dear Childhood Friend ( Zawgyi + Unicode)
FanfictionIf you are just a dream, I'd call you a lovely and sad dream Why do you tell me that sweet voice " You are my best friend " Story by A_horn WeiShin Kim Woo Seok × Lee Jin Hyuk Cover by @channiesmile