7

163 24 5
                                    

Zawgyi

ညဘက်ရောက်တော့ ၁၁နာရီကျော်သည်အထိ
Woo Seok အိပ်မပျော်။
နေရာအသစ်ကိုရောက်ခါစမို့လို့လည်းဖြစ်သလို
ဆန်းကြယ်သောမျက်ဝန်းတစ်စုံကြောင့်လည်းဖြစ်သည်။
ညနေကပြန်တွေ့တဲ့ Lee Jin Hyuk ဆိုသူရဲ့မျက်လုံးတွေကို
သူရင်းနှီးနေသလိုခံစားရသည်။
ဘယ်မှာရင်းနှီးနေမှန်းသူမသိ။
ငယ်ငယ်တုန်းကသိတဲ့လူလို့်ဆိုရအောင်လည်း
သူလူမှန်းသိတတ်စကတည်းက မူလတန်း တတိယနှစ်အထိပေါင်းခဲ့တာ
Sung Jun တစ်ယောက်သာရှိသည်။
မူလတန်းတတိယနှစ်အောင်တော့
Sung Junမိဘအရင်းတွေက
Sung Jun ကိုလာခေါ်သွားခဲ့တာကြောင့် သူတို့ဝေးကွာသွားခဲ့ရသည်။
Sung Jun မရှိသည့်နောက်ပိုင်း ပေါင်းဖြစ်တဲ့သူငယ်ချင်းအားလုံးနဲ့
အဆက်အသွယ်ရှိဆဲမို့ ငယ်ငယ်တုန်းကသိခဲ့တဲ့သူတော့မဟုတ်တန်ရာ။

~ Sung Jun na မင်းတနေရာမှာ ကောင်းကောင်းမွန်မွန်ရှိနေတယ်မလား
ငါအခု မင်းကိုပေးထားတဲ့ကတိကိုတည်ဖို့ကြိုးစားနေပြီမို့
မင်းကငါ့ကိုလာရှာမယ်မလား ~

နောက်တနေ့မနက်ကျတော့ မနေ့ကအဆောင်ကလိုက်ပို့တဲ့အမက Woo Seokနဲ့ Peakကို Training Roomဆီခေါ်သွားပေးတယ်။
အခန်းထဲရောက်တော့ သူ့နည်းတူ Trainee ၁၀ယောက်ခန့်တွေ့ရသည်။
ခနနေတော့ Trainer ဆရာနဲ့အတူ အမတစ်ယောက်ဝင်လာတယ်။

" Trainee Kim Woo Seok နဲ့ Trainee Park Moon Jae  ဒီအမနောက်ကိုလိုက်သွားပေးပါ "

Trainer ဆရာရဲ့စကားကြောင့် Woo Seok ရော
Peakရော အံ့ဩသွားရတယ်။
ဘာလို့ကျန်တဲ့သူတွေနဲ့ခွဲပြီး Training ဆင်းရတာပါလိမ့်။

" မောင်လေးတို့ အမနောက်ကလိုက်ခဲ့နော် "

အပြုံးချိုချိုနဲ့ပြောလာတဲ့ အမနောက်ကိုလိုက်သွားရင်း
အတူပါလာတဲ့ Park Moon Jae ကိုစကားစလိုက်တယ်။

" ဟို ဘာလို့ ကျွန်တော်တို့ကို ကျန်တဲ့လူတွေနဲ့အတူတူ မ Trainတာလဲ သိလားဟင် "

" ငါလည်းမသိဘူး အာ ငါက Park Moon Jae
Rap အထူးပြု အတူတူကြိုးစားရအောင် "

" အင်း "

အခန်းတစ်ခုရှေ့ရောက်တော့ သူတို့ကိုဝင်သွားခိုင်းသည်။

" မောင်လေးတို့ဝင်သွားလိုက် "

အထဲကိုတံခါးဖွင့်ဝင်သွားတော့ အားလုံးရဲ့အကြည့်ကသူတို့ဆီရောက်လာတာကြောင့်
ရှိန်းတိန်းတိန်းဖြစ်လာသည်။

Dear Childhood Friend ( Zawgyi + Unicode)Onde histórias criam vida. Descubra agora