18

105 13 7
                                    

Companyကပေးတဲ့ အားလပ်ရက်ကုန်ဆုံးသွားပြီးနောက်
သူတို့၁၀ယောက်လုံး Companyကပေးတဲ့ Dormကိုပြောင်းနေကြရတယ်။
သူတို့ကိုပေးထားတဲ့ Dormက အခန်း၅ခန်းသာပါတာမို့
၂ယောက်၁ခန်းစီနေရမည်ဖြစ်သည်။
Managerဦးလေးကအခန်းခွဲပေးတော့
အကြီးဆုံးJinhoo Hyungနဲ့အငယ်ဆုံး Xiao ,
Kuhn Hyungနဲ့ Kogyeol ,
Wei နဲ့ Woo Shin ,
Bitto နဲ့ Hwan Hee,
Sunyoul နဲ့ Gyujin တို့ကိုအသီးသီး Roommateအဖြစ်တွဲပေးလေတယ်။
Woo Seokနဲ့ တစ်ခန်းထဲအတူနေရမယ်ဆိုတဲ့အသိကြောင့်
Jin Hyuk ရင်တုန်နေမိတယ်။
Trainee ဘဝတုန်းကလည်း Roommateဖြစ်ခဲ့တယ်ဆိုပေမယ့် အခြေအနေချင်းကမတူ။
Woo Seok နဲ့ပတ်သက်ရင် တဖြည်းဖြည်းရောဂါရင့်လာတဲ့မိမိစိတ်အခြေအနေကို မိမိသာသိတာမို့ပင်။
Woo Seokကိုလှမ်းကြည့်လိုက်တော့
Yeinနဲ့ဘာတွေပြောနေသည်မသိ
ပြုံးရွှင်နေလေတယ်။

" Kim Woo Seokမျက်နှာလေးနည်းနည်းတည်စမ်းပါ "

" ဘာဖြစ်နေလို့လဲ ငါက "

" Jin Hyukနဲ့ Roommateမို့လို့ကျေနပ်ပျော်ရွှင်နေတာ ငါကမသိရှာဘူးဆိုတော့ "

" မဟုတ်ပါဘူး "

နားရွက်တွေရဲပြီး အတင်းငြင်းနေတဲ့
Woo Seokကိုကြည့်ပြီး YeInကတဟားဟားအော်ရယ်တော့သည်။
ရယ်နေတဲ့ Yeinလက်မောင်းကိုတစ်ချက်ထိုးပစ်ပြီး
ထွက်လာခဲ့လိုက်တယ်။
ဒီလောက်ပိပိရိရိနေတဲ့ကြားထဲက ရိပ်မိသွားရတယ်လို့

အခန်းတွင် Woo Seokပစ္စည်းတွေနေရာချပြီးတဲ့အထိ
ရောက်မလာသေးတဲ့ Jin Hyukကြောင့်
Woo Seokအနည်းငယ်ပူပန်မိသွားတယ်။
အပြင်ကိုထွက်ကြည့်လိုက်မှ Chan Hyun နဲ့အတူထပ်ခိုးခန်းကိုသန့်ရှင်းရေးလုပ်နေတဲ့Jin Hyukကိုတွေ့ရတယ်။

" Jin Hyuk ah ဘာလို့ထပ်ခိုးခန်းကိုရှင်းနေတာလဲ "

" ဟို... "

" Jin Hyukက အဲ့မှာနေမလို့တဲ့ "

Jin Hyukရဲ့ဖြေရခက်နေမှုကို ChanHyunကဝင်ဖြေပေးလိုက်တယ်။

ChanHyunစကားကြောင့် WooSeokဝမ်းနည်းသွားရတယ်
Jin Hyukက သူနဲ့တစ်ခန်းထဲမသုံးချင်တာလား
သူ့ခံစားချက်တွေရိပ်မိသွားလို့ သူ့ကိုရှောင်ဖယ်ချင်တာလားဆိုတာတွေးမိတော့
မျက်ရည်ဝဲသည်မထိဝမ်းနည်းသွားရတယ်။

Dear Childhood Friend ( Zawgyi + Unicode)Where stories live. Discover now