13

118 19 3
                                    

Zawgyi

လူရွေးပွဲနီးလာတာနဲ့အမျှ Traineeတွေအားလုံးပိုပြီးကြိုးစားလာကြတယ်။
တစ်ယောက်နဲ့တစ်ယောက်စကားမပြောဖြစ်တဲ့အထိအောင်ပဲ
ဒီလူရွေးပွဲက သူတို့အားလုံးရဲ့ဘဝတစ်ဆစ်ချိုးဖြစ်လာမှာမို့
အားလုံးကစိတ်လှုပ်ရှားနေကြတယ်။
Masked Rookie King လို့နာမည်ပေးထားတဲ့
ဒီ Showကနေ 10ယောက်ကိုရွေးထုတ်ပြီး
UP10TIONဆိုတဲ့နာမည်နဲ့ Debutလုပ်ပေးမှာဖြစ်တယ်။
ပြိုင်ပွဲက The Masked Singerကို Inspiredယူထားတာပင်။
Trainee 3ယောက်တစ်ဖွဲ့ဖွဲ့ကာ သီချင်း၁ပုဒ်ကိုအတူတကွသီဆိုယှဉ်ပြိုင်ပြီး
Judgeတွေအပေါ်မူတည်ပြီးတဖွဲ့လျှင်
1ယောက်မှ 2ယောက်အထိ Debut lineမှာပါဝင်နိုင်မှာဖြစ်တယ်။

လူရွေးပွဲအတွက် တစ်ပတ်အလို~~~

သီချင်းလေ့ကျင့်ရလွန်းလို့
Woo Seokရဲ့လည်ချောင်းတွေက
ကွဲထွက်မတတ်နာကျင်နေပြီဖြစ်သည်။
သို့သော် သူလေ့ကျင့်မှုကိုမရပ်တန့်ဖြစ်။
သူကျိန်းသေပေါက် Debut Lineထဲဝင်မှဖြစ်မယ်။
Trainingသက် ၆လကျော်ပဲရှိတဲ့သူက
အခြား Traineeတွေထက် အဆပေါင်းများစွာကြိုးစားရမယ်ဆိုတာ သူနားလည်တယ်။
အိပ်ချိန်တနေ့ ၃နာရီအထိလျော့ချပြီးလေ့ကျင့်ဖြစ်တာကြောင့်
သူ့ခန္ဓာကိုယ်က အတော်လေးအားနည်းစပြုနေပြီ။
တခါတလေ မိုက်ခနဲဖြစ်ဖြစ်သွားတတ်တယ်။

Jin Hyuk Woo Seokကိုကြည့်ပြီး
စိုးရိမ်စိတ်တော်တော်ဝင်နေပြီဖြစ်သည်။
တနေ့တနေ့ အလွန်အကျွံလေ့ကျင့်နေတာတွေ
သူတွေ့နေရတာမို့ ပိုဆိုးသည်။
Dance Practice Roomထဲကရင်း ပစ်လဲသွားတာတွေမြင်နေရတော့ စိတ်ထဲမှာဘယ်လိုမှမဆင်မပြေ။
သူဆိုတာက Woo Seokကို
ခြစ်ရာလေးတစ်ခုတောင်ထင်စေချင်တာမဟုတ်။
အခု Woo Seokခြေထောက်နုနုတွေ သွေးခြေဥရုံတင်မက အညိုမဲပါစွဲနေပြီ။
အကသမားတစ်ယောက်ရဲ့ခြေထောက်ကမလှပဘူးဆိုတာ
သူသိပေမယ့် Woo Seokခြေထောက်လှလှလေးတွေကို
မထိခိုက်စေချင်။
သို့သော် သူ မတားမိ။
နှစ်ယောက်အတူတူDebutနိုင်ဖို့ နှစ်ယောက်လုံးအပြင်းအထန်လေ့ကျင့်ဖို့လိုတယ်ဆိုတာ
သူသိနေတာပဲမဟုတ်လား။
လူရွေးပွဲနီးလာတာနဲ့အမျှ
Woo Seokရဲ့အိပ်ချိန်လျော့နည်းလာတာ
သူသတိထားမိသည်။
ခပ်သေးသေးခန္ဓာကိုယ်လေးက ပိုပိုပြီးသေးကွေးလာသည်။
အခုလည်းကြည့် မနက်၁နာရီကျော်တဲ့အထိ အသံလေ့ကျင့်နေပြန်သည်။
Woo Seok ဇွဲရှိတာသိပေမယ့် ဒီလောက်ဇွဲကြီးမယ်လို့ မထင်ထားမိတာအမှန်ပင်။
သူဘယ်လိုမှမနေနိုင်တော့တာမို့ Woo Seok Practiceလုပ်နေတဲ့အခန်းကိုဝင်သွားလိုက်တော့တယ်။

Dear Childhood Friend ( Zawgyi + Unicode)Where stories live. Discover now