19

85 12 0
                                    

Zawgyi

Debut albumအတွက်ပြင်ဆင်နေကြရင်း
Memberတွေကြား ရင်းနှီးမှုပိုတိုးပွားလာကြတယ်။
အထူးသဖြင့် Woo Seokနဲ့ Sunyoulပင်။
Sunyoulနဲ့သူက စိတ်နေစိတ်ထားတူတာကြောင့်
အားလုံးထက်ပိုပိုပြီးရင်းနှီးလာရခြင်းပင်။
Sunyoulက တစ်ချက်ကြည့်ရုံနဲ့
Woo Seokဘာဖြစ်နေတယ်ဆိုတာ တန်းသိတာဖြစ်သည်။
အထူးသဖြင့် Jin Hyukနှင့်သက်ဆိုင်သောကိစ္စများတွင်
သူ့ရဲ့ထူးခြားသောအမူအရာများကို အမြဲသတိထားမိတတ်သူဖြစ်သည်။
အခုလည်းကြည့် Jin Hyukနဲ့GyuJin
စကားပြောနေတာကိုကြည့်နေတုန်း
ခေါင်းပေါ်ကိုပုဝါပစ်တင်လာသူ။

" Yahh ဘာလုပ်တာလဲ "

" မျက်တောင်လေး ဘာလေးခတ်ဦး
အသေကောင်ကျနေတာပဲ ကြည့်နေတာက "

" Yah ဘာလို့အော်ကျယ်အော်ကျယ်လုပ်နေတာလဲ
အသံလျော့စမ်းပါ "

"မလျော့နိုင်ပါဘူး ငါကMain Vocalလေ
အသံတိုးနေလို့မဖြစ်ဘူး No No No "

Woo Seokလိုက်ထုတော့ ပတ်ပြေးနေတဲ့ Sunyoulကြောင့် Practice Roomတစ်ခုလုံးပွက်လောရိုက်နေတော့သည်။

Sunyoulကိုလိုက်ရိုက်နေတဲ့ကောင်ငယ်လေးကိုကြည့်ပြီး
သဘောတကျပြုံးနေသူကား Jin Hyuk

" Wei ssi မင်းပါးစပ်လေးဘာလေးစေ့ဦး
ယင်ကောင်လေးဝင်ဥတော့မယ် "

Jinhoo Hyungရဲ့အရွှန်းဖောက်စကားကြောင့်
Jin Hyukရှက်ပြီး ဂုတ်ကိုပွတ်နေလိုက်တယ်။

" ကြေးတွန်းနေတာလား Wei Hyung "

အငယ်ကောင် Xiaoကပါဝင်နောက်တာကြောင့်
Jin Hyukမျက်နှာတွေပါထူပူလာရသည်။

" Yahh "

" Woo Shin Hyung "

ရုတ်တရက်ကြီး Woo Seokကိုလှမ်းခေါ်တဲ့HwanHeeကို
သူတားချိန်မရလိုက်။

" Ya! ဘာလုပ်မလို့လဲ "

အသံကြိတ်ကြိတ်နဲ့မေးမိတော့ စောင့်ကြည့်ဆိုတဲ့သဘောဖြင့် မျက်စပစ်ပြလာသူ။

" HwanHee ha ဘာဖြစ်လို့လဲ "

" Wei Hyungခေါ်ခိုင်းတာ "

" ငါလား ဘယ်တုန်းက... "

ကမန်းကတမ်းငြင်းမယ်ကြံတုန်း ဆွဲဆိတ်တဲ့Bittoကြောင့်
ပါးစပ်ကိုမြန်မြန်ပိတ်လိုက်ရတယ်။

Dear Childhood Friend ( Zawgyi + Unicode)Donde viven las historias. Descúbrelo ahora