အဲ့လိုနဲ့ ကိုမိုးစစ်ဟန် က မိုးစက်ကို ဂိုက်လာပြပေးတာ တလကျော်ခဲ့တယ်…ကျွန်တော်ကတခါတလေသွားစောင့်ပေးတာလောက်ပဲရှိပြီး သူနဲ့ကျွန်တော် ကြားကလည်းဒီလိုပါပဲ..ကျောင်းမှာတွေ့ရင်တောင် ကျွန်တော့်ဘက်ကပြုံးပြရင် သူ့ဘက်က ခေါင်းညိမ့်ပြတာလောက်နဲ့ အဆုံးသတ်လေ့ရှိတယ်…
ဒါမဲ့ တစ်ခါမှာကျွန်တော်နဲ့သူ့ကို ရင်းနှီးစေတဲ့အကြောင်းရင်း သုံးချက်တိတိပေါ်လာခဲ့တယ်…အင်း…ကျွန်တော်ကဖန်တီးခဲ့တယ်ဆိုရင်ပိုမှန်ပါလိမ့်မယ်…ပထမအချက်ကတော့…
"သား မေမေတို့ ညောင်ရွှေသွားမို့ လိုက်မယ်မလား!"
တခုခုဆို မိုးစစ်ဟန်ကို ပြေးမှတ်မိတတ်သောကျွန်တော်က
"ဒါဆို မိုးစက် ဂိုက် မရှိဘူးပေါ့!""အေးလေ မေမေတောင် ကောင်လေးကိုဖုန်းဆက်ပြီးမလာနဲ့လို့ ပြောရအုန်းမယ် မင့်းညီမလည်း လိုက်ချင်တယ်ဆိုလို့ ခေါ်သွားမို့ သားလည်းလိုက်မယ်မလား!"
မဟုတ်သည့်ကိစ္စဆိုလျှင်တော့ ကျွန်တော့်ခေါင်းက သိပ်ကို အစွမ်းထက်ပါသည်။
"သားမလိုက်တော့ဘူးမေမေ ပြီးတော့ ကိုမိုးစစ်ဟန်ကိုလည်း သားပဲဖုန်းဆက်လိုက်မယ် !သားမှာ သူ့ဖုန်းနံပါတ်ရှိတယ်!"
မေမေကတွေးတောနေဟန်ဖြင့်
"အော်အေ ဟုတ်သား သားတို့က တစ်ကျောင်းတည်းကို မေမေ မေ့နေတာ...ဒါဆိုသားပဲဖုန်းဆက်လိုက်တော့ ညအိပ်ရဲတယ်မလား!""အိပ်ရဲ ပါတယ်မေမေရဲ့ သွားမှာသာသွား!"
မေမေက ဘာမှမပြောပဲ ထွက်သွားသည်။ အမှန်က ကျွန်တော်လိမ်ခဲ့တာပါ!ကျွန်တော့်မှာ ကိုမိုးစစ်ဟန်နဲ့
ပတ်သတ်ပြီးဘာမှ ရေရေရာရာသိတာမရှိခဲ့ဘူး…မေမေတို့ထွက်သွားပြီး ညနေ ၆နာရီလောက်ရောက်တော့ သူရောက်လာတယ်။အပေါ်ထပ်ပြတင်းပေါက်ကနေ သူ့ကို လာပို့တဲ့ သူ့သူငယ်ချင်းရှိုင်းယံရဲ့ဆိုင်ကယ် အတန်ငယ်ဝေးဝေးရောက်မှ အောင်ထပ်ကိုဆင်းလာပြီး သူ့ကိုတွေ့လိုက်သည်။
"ကိုမိုးစစ်ဟန် ဒီနေ့မေမေတို့ ညောင်ရွှေသွားလိုက်တယ် ညီမလေးကောပါသွားတယ်!"

YOU ARE READING
OPPOSITE
RomanceOppositeတဲ့ရိုးရှင်းပါတယ်...မြန်မာလိုဘာသာပြန်ရင်တော့ ဆန့ကျင်ဘက်ပေါ့...အရာအားလုံးဆန့်ကျင်ဘက်ဖြစ်နေတဲ့ လူနှစ်ယောက်အကြောင်းပါ...တကယ်ကို ရိုးရိုးရှင်းရှင်းလေးပါပဲ 💛 ကျွန်တော် ဒါလေးကိုရေးဖို့ စပြီးစိတ်ကူးမိတာကတော့ စိတ်ထဲမှာ ကိုစစ်ဆိုတဲ့နာမ်စားလေးကိုကောက...