(ဆက်ရန်မရှိလို့ဆိုထားပင်မယ့် မှတ်မှတ်ရရ Readerတစ်ဦးက သီတင်းကျွတ် အမှတ်တရအနေနဲ့ရေးပေးပါလားဆိုလို့ ပေါ့ပေါ့ပါးပါးလေးပဲရေးထားပါတယ်။ဒီတကြိမ်ကတော့တကယ်နောက်ဆုံးပါနော်❤️ မှတ်မှတ်ရရရှိနေပေးလို့
ရင်တွေတောင်ခုန်သွားရပါတယ်- ကျေးဇူးအထူးပါဗျ)Kyoto in Japan
5:15 P.M"တီ..တွီ.." (တံခါးပွင့်လာသံ)
"Tadaimasu!!" ( ပြန်ရောက်ပါပြီ)
တံခါးဖွင့်ပြီးတာနဲ့ ကိုစစ်ကို ပြန်ရောက်ကြောင်းအသံပြုလိုက်သည်။
"ပြန်လာတာကို ကြိုဆိုပါတယ်..."
ကိုစစ်က သူ ဂျပန်လို နှုတ်ဆက်ရင်တောင် Okaeri လို့ ပြန်နှုတ်ဆက်ရမယ့်အစား ဗမာလိုပင်သုံနှုန်းသည်။
ဟင်းချက်ဇွန်းရယ် အေပရွန်ဝတ်ထားပုံအရ တစ်ခုခုကို ချက်ပြုတ်နေပုံရသည်။"ကိုစစ် ဘာတွေချက်နေတာလဲ! ဒီနေ့ ကျွန်တော်နဲ့တူတူ ဆူရှီ ထွက်စားမယ်လို့ပြောထားတယ်လေ..."
ကိုစစ်သည် ဇွန်းကို လက်တစ်ဖက်ကကိုင်ထားရင်း တဖက်က ကျွန်တော့်ရဲ့ ရုံးအိတ်ကို ဆွဲယူကာ
"ဟမ် ဘယ်တုန်းကပြောတာလဲ!"ကျွန်တော် ကိုစစ်ကို မျက်မှောင်ကြုတ်ကြည့်ကာ ပါးနှစ်ဖက်ကို ဆွဲဖျစ်ညစ်လိုက်သည်။
"ဖုန်းကို ခုထိမကြည့်ဘူးလား!"ကိုစစ်သည် ရုတ်တရက်သတိရသွားဟန်ဖြင့်..
"အာ..နေ့လည် ဆိုင်ကနေအိမ်ပြန်ရောက်ကတည်းက သန့်ရှင်းရေးလုပ်နေတာ ! ဖုန်းကို အိတ်ကပ်ထဲထည့်ထားမိတာ!""ကျွန်တော်ယောက်ျားကတော့ ဖြစ်ရမယ်.."
ပါးလေးကို နှုတ်ခမ်းပါးနဲ့ဖြတ်တိုက်ပြီး စနောက်ငြူဆူဟန်ပြောလိုက်တော့သွားလေး ဖြီးပြီးအူကြောင်ကြောင်လုပ်နေလေရဲ့။
YOU ARE READING
OPPOSITE
RomanceOppositeတဲ့ရိုးရှင်းပါတယ်...မြန်မာလိုဘာသာပြန်ရင်တော့ ဆန့ကျင်ဘက်ပေါ့...အရာအားလုံးဆန့်ကျင်ဘက်ဖြစ်နေတဲ့ လူနှစ်ယောက်အကြောင်းပါ...တကယ်ကို ရိုးရိုးရှင်းရှင်းလေးပါပဲ 💛 ကျွန်တော် ဒါလေးကိုရေးဖို့ စပြီးစိတ်ကူးမိတာကတော့ စိတ်ထဲမှာ ကိုစစ်ဆိုတဲ့နာမ်စားလေးကိုကောက...