🎼ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဆိုပင်မဲ့ ငါတို့အတွက်တော့ဝေးနေရအုန်းမယ်…
🎼ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဆိုပင်မဲ့ ငါတို့ခုထိမတွေ့တာဘာကြောင့်လဲ…
🎼ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဆိုပင်မဲ့ ငါအခုနင့်ရဲ့အရိပ်တောင်ရှာဖို့မလွယ်…
🎼ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဆိုပင်မဲ့ ခုံတန်းဟောင်းလေးက ငိုနေရတယ်…ကား soundbox မှလွင့်ပျံလာသော နန်းဆုဦး ၏ လွမ်းနေရအုန်းမယ်ဆိုသောသီချင်းလေးက ကားမောင်းနေသူ ကျွန်တော့်ရဲ့ စိတ်တွေကို ခင်ဗျားဆီလွင့်စေခဲ့တယ်။သီချင်းသံကို နားထောင်ဖို့ စိတ်အစဉ်မရှိတော့တာကြောင့် ကျွန်တော် လှမ်းပိတ်လိုက်သည်။
ကမ္ဘာကြီးက ကျဉ်းတယ်လို့ ဘယ်ကောင်ကပြောခဲ့ပါလိမ့်… ကမ္ဘာကြီးသာကျဉ်းရင် ကျွန်တော် ခင်ဗျားကို တွေ့သင့်နေပြီမဟုတ်လား…ကမ္ဘာကြီးက တကယ်ပဲကျဉ်းတယ် ဆိုရင်ကော ခင်ဗျားက အပုန်းကောင်းနေတယ်ပဲဆိုရမလား…
ကျွန်တော်ကတော့ ကမ္ဘာကြီးက ကျဉ်းတယ်ဆိုတဲ့အဆိုကို မနှစ်မျို့ပါ။ ကမ္ဘာကကျယ်ပါတယ် သို့သော် ကျွန်တော်တို့နှစ်ယောက်စာ နေရာလေးတနေရာကိုမဝေမျှနိုင်ကြပါဘူး!"သားပြန်လာပြီလား!"
ဝင်လာနေမှန်းသိရက်နဲ့ လောကွတ်ချော်၍မေးနေသောမေမေ့စကားကို ကျွန်တော် "အင်း" တလုံးသာ အဖြေပြန်ပေးပြီးအပေါ်ထပ်တက်ရန်တာဆူလိုက်တော့ မေမေက လှမ်းပြောလာသည်။"အမေတို့ ခဏ စကားပြောရအောင်လေ သားဖေဖေလည်းစောင့်နေတယ်!"
ဘာတွေများပြောကြအုန်းမှာပါလိမ့်…ကျွန်တော် အခုချိန်မှာ ဘယ်သူ့စကားကိုမှ နားဝင်လက်ခံလိုစိတ်မရှိသော်လည်း ဧည့်ခန်းထဲ Daddy နှင့် မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်သည်။
Daddy ကလူအေး သမားလို့ခေါ်လို့ရသည်။စကားလဲသိပ်မပြော။သို့သော် တခါတလေ အမိန့်အာဏာပုံစံမျိုးလဲထုတ်သုံးတတ်သေးသည်။မေမေကတော့ ပေါ့ပေါ့ပါးပါး အမျိုးသမီးတယောက်ပင်…စိတ်ဆတ် တတ်သူလဲဖြစ်သည့်အလျောက် တခုခုဆို ဒေါသကအရင်…
"သားဘွဲ့ရတော့မယ်နော်…!"
သိနေနှင့်ပြီးသားဖြစ်လျက်နဲ့ဘာကြောင့်မေးနေကြပါလိမ့်… ကျွန်တော်က ဒီလို လောကွတ်စကားတွေထက် ခင်ဗျားပြောတဲ့ ပြတ်ပြတ်ရှင်းရှင်းစကားကို ပိုနှစ်ခြိုက်တယ်…

YOU ARE READING
OPPOSITE
RomanceOppositeတဲ့ရိုးရှင်းပါတယ်...မြန်မာလိုဘာသာပြန်ရင်တော့ ဆန့ကျင်ဘက်ပေါ့...အရာအားလုံးဆန့်ကျင်ဘက်ဖြစ်နေတဲ့ လူနှစ်ယောက်အကြောင်းပါ...တကယ်ကို ရိုးရိုးရှင်းရှင်းလေးပါပဲ 💛 ကျွန်တော် ဒါလေးကိုရေးဖို့ စပြီးစိတ်ကူးမိတာကတော့ စိတ်ထဲမှာ ကိုစစ်ဆိုတဲ့နာမ်စားလေးကိုကောက...