part(8)beginning of the problem

7.6K 1.1K 11
                                    

မျက်မှန် ကို လက်ခလယ်နဲ့ပင့်တင်လိုက်ပြီး ဖက်လက်စ စာအုပ် ဖြစ်တဲ့ ဆရာမင်းလူရဲ့ ရယ်မောခြင်းပေါင်းချုပ် စာရွက်တရွက်ကို ထပ်လှန်လိုက်တယ်.. ငါးရက်ဆက်တိုင်ဖတ်နေပင်မဲ့ အထူကြီးမို့ ၄ ပုံ ၁ပုံလောက်ဖတ်ရန်ကျန်နေသေးသည်။

ကျွန်တော့်ကို အနီးမှုန်မျက်မှန်လေးနဲ့မြင်ရင် ကိုစစ် ရီမလားပဲ... အရင်က ကိုစစ်ကို စာသိပ်ဖတ်လို့ မျက်မှန်တပ်ရတာ အဲ့တာကြောင့် စာမဖတ်နဲ့လို့ တိုက်တွန်းခဲ့တဲ့ ကျွန်တော်က ခုတော့ စာဖတ်လွန်းပြီး မျက်မှန်နဲ့ဖြစ်နေပြီ.... ကျွန်တော်တို့နှစ်ယောက်ရဲ့ ကွဲလွဲနေကြအတိုင်း ကိုစစ်က အဝေးမှုန်... ကျွန်တော်က အနီးမှုန်... ကြုံနေကြလိုဖြစ်လို့ သိပ်တောင်မဆန်းတော့ပါဘူး...

ရယ်မောခြင်းပေါင်းချုပ်ကိုဖတ်ပြီး ကိုစစ်ပြောပြတဲ့ မရီရတဲ့ဟာသလေးတွေကို သတိရမိတယ်...
ဥပမာ-လူတယောက်က အဘိုးကြီးကို ကားနဲ့တိုက်မိတာ..သွာုးကြည့်တော့ မရှိတော့ဘူးတဲ့... အဲ့လိုရိုးရှင်းတဲ့ ဟာသတွေကို ကျွန်တော် ကြိုသိနေပင်မဲ့ မသိချင်ယောင်ဆောင်ပြီး ရီပေးခဲ့တာ...အဲ့တာက ကိုစစ်ကိုလှောင်တာမဟုတ်ဖူး...
ကိုစစ်ပြောတဲ့ဟာသတွေဟာ ရီရသည်ဖြစ်စေ မရီရသည်ဖြစ်စေ ကိုစစ်ရဲ့ဟာသတွေက ကျွန်တော့်ကို ရီစေချင်လို့ဆိုတာကို ကျွန်တော်သဘောပေါက် တာမို့...
ကိုစစ်က ဟာသညဏ်မရွှင်ပင်မဲ့ သူဖတ်ဖူးတဲ့ စာအုပ်အကြောင်း ကိုပြောပြတဲ့ နေရာမှာ သိပ်ကိုပြောင်မြှောက်တာကိုတော့ ကျွန်တော်ဝန်ခံပါရစေ...
ခရီးသွားတိုင်း မပျင်းရအောင် ကိုစစ်ဖတ်ဖူးတဲ့စာအုပ်အကြောင်းတွေကို စိတ်ဝင်စားလာအောင် ဆွဲဆောင်ပြီးပြောလေ့ရှိတယ်... စကားပြောတဲ့နေရာမှာ လိုအပ်တဲ့ အသံအနေအထား ကို ပါ ပိုင်နိုင်အောင် ပြောတတ်လွန်းသူကြီးပါ... သြရှရှအသံလေးက မပျင်းရလေအောင် သိပ်ကိုဆွဲဆောင်နိုင်လေရဲ့...
ကိုစစ်ပြောပြဖူးတဲ့အကြောင်းမှာ...ကျွန်တော် ခုထိ မှတ်မှတ်ရရအသည်းထဲစွဲနေတာကတော့ ချစ်ဦးညို ရေးထားတဲ့ မဏိစန္ဒာ ဥဒါန်း ဆိုတဲ့စာအုပ်အကြောင်းပဲ...

<<ကျန်စစ်သားနဲ့ မဏိစန္ဒာခေါ် ခင်ဦးတို့ရဲ့ ပထမဆုံးတွေ့ဆုံချိန်မှာ ခင်ဦးကြဲလိုက်တဲ့ပန်းတပွင့်ကို ချစ်ရတဲ့အမောင်က လှံသွားလေးနဲ့ကောက်ယူသွားသတဲ့

OPPOSITEWhere stories live. Discover now