Married Life(2)

9.7K 1K 87
                                    

"ကိုအာကြီး ရာသီဥတုအခြေအနေကိုကြည့်ပြီး
စလပ်လောင်းလိုက်တော့။ မိုးတော့မရွာလောက်ပါဘူးနော့!"

ကိုစစ်ကကောင်းကင်ကို တစ်ချက်ကြည့်ပြီး ပန်းရံခေါင်းကို လှမ်းပြောသည်။ကျွန်တော်ကတော့ အမှုမဲ့အမှတ်မဲ့ပင်။ကိုစစ် လက်ထဲက လှန်ထားတဲ့စာမျက်နှာကို ခေါင်းတိုးပြီးကြည့်နေမိသည်။
"အတာ..ဟိုဘက်တိုးအုန်းလေ! မင်းကိုယ်လုံးက အကို့ထဲ ဝင်တော့မယ်!ဇွတ်!"

ကျွန်တော့်ကို မျက်နှာလေးရှုံ့ကာ ပြောနေတဲ့ကိုစစ်ကို ကြည့်ကာ အသည်းယားမိသည်။ သူပြောလည်းပြောချင်စရာ။ကျွန်တော့်ခေါင်းက သူ့ရင်ဘတ်နားကို ကပ်နေလို့ နှလုံးခုန်သံကိုတောင်ခပ်စိတ်စိတ်ကြားနေရသည်။

"ဒီမယ်လေ ကျွန်တော် plan ပုံကြည့်နေတာကို!"

"ဟာ့!အပိုမပြောနဲ့ ဘာ plan ပုံကြည့်နေတာလဲ?
အရင်တုန်းကလို drawingကိုအလွတ်ကျက်နေတာလား!"

"ကိုစစ်နော်..! အဲ့တာကိုစစ်အမှားပဲလေ!"

"အမယ်!ဖြစ်ရတယ်?ဘာဆိုင်လဲ?"

"မဟုတ်လို့လား!ကိုစစ်အနံ့ကအဲ့လောက် မွှေးနေတာကို! ကျွန်တော်အာရုံက သိပ်ကောင်းနေတော့ ခေါင်းကပါသူ့အလိုလိုကပ်သွားတာလေ!"

ထိုစကားကိုကြားတော့ ကိုစစ်နှုတ်ခမ်းလေးက ပြုံးယောင်သမ်းသွားသည်။သို့သော် လက်က ကျွန်တော်ကိုသာသာတွန်းလိုက်ကာ
"မင်း စကားတွေတတ်နေလိုက်! တော်ပြီ ပြန်ရအောင်!စာလုပ်ရအုန်းမှာမလား?"

ကျွန်တော်ကိုစစ်ကို ခေါင်းငြိမ့်ပြလိုက်သည်။
စာလုပ်ရအုန်းမှာ ဆိုသည်က ကျွန်တော် ဖြေရတော့မည့် N3 စာမေးပွဲကိုဆိုလိုသည်။
JLPT က တစ်နှစ်ကို စာမေးပွဲဖြေချိန်နှစ်ခါရှိသည်။၇လပိုင်းတွင်တစ်ခါ။၁၂ လပိုင်းတွင်တစ်ခါ။ လာမယ့် ၇လပိုင်းမှာပဲ တခါတည်းအောင် အောင်ဖြေဖို့စိတ်ကူးရှိတာကြောင့် စာကို အသေလိုက်မှတ်နေရသည်။ N5 နှင့် N4 တုန်းကထက်ပိုများလာတဲ့ kanji တွေကြောင့် ပိုပြီးဂရုစိုက်ရသည်။

(Japanese language မှာ hiragana,katakana,Romaji နဲ့ Kanji ဆိုပြီးရှိပါတယ်! Kanji ကအခက်ဆုံးပါ။ပြီးတော့ N5,N4,N3,N2,N1 ဆိုပြီး အဆင့်ငါးဆင့်ရှိပါတယ်။N5 ကနေစတက်ရတာပါ)

OPPOSITEWhere stories live. Discover now