ကိုစစ်နဲ့ ပိုရင်းနှီးလာစေရတဲ့တတိယအချက်ကတော့ ကျွန်တော်ကိုယ်တိုင်ဖန်တီးခဲ့ပြီးကျွန်တော်ကိုယ်တိုင်စတင်ခဲ့မိတာပါ။
၂လပိုင်းကုန် ၃ လပိုင်းရောက်လာတဲ့အချိန်မှာတော့ ကျွန်တော့်ညီမလေးရဲ့ဆယ်တန်းစားမေးပွဲ ကာလကိုနီးကပ်လာသည်နှင့်နီးတူ ကျွန်တော်ရဲ့ first yr
ပထမနှစ်ဝက်ကလည်း ရောက်ရှိလာသည်။
ကျွန်တော့် ညီမလေး ကို ကိုစစ်စာလာပြချိန်မှာလဲ ကျွန်တော်က အစဉ်လာမပြတ်ဘေးမှာဖုန်းသုံးရင်းထိုင်စောင့် နေဆဲ... ကိုစစ်နဲ့ညီမလေးကိုစိတ်မချ၍ မဟုတ်ပါ။ ကျွန်တော် သူတို့နှစ်ယောက်လုံးကိုယုံပါသည်။သို့ပင်မဲ့ ကျွန်တော် စိတ်လိုလက်ရသွားထိုင်နေတုန်းပါပဲ...စာသင်ချိန်တိုင်း ကိုစစ်က ကျွန်တော့်ကိုသိပ်စကားမပြောပါ ပုံမှန်တိုင်း စာသင်မြဲစာသင် ညီမလေးစာတွက်ချိန်တွင်တော့ သူက အမြဲစာအုပ်ဖတ်နေလေ့ရှိတယ်...
ဒီတခေါက် သူဖတ်နေတဲ့စာအုပ်ကတော့
"မဏိစန္ဒာဥဒါန်း"တဲ့...ကျွန်တော် ထင်ပါတယ် ကိုစစ်မျက်မှန်တပ်ရတာ စာသိပ်ဖတ်လို့ပဲဖြစ်မယ်...ထိုနေ့ မှာတော့ ကိုစစ်က ထူးထူးဆန်းဆန်း သူ့ ဘက်ကစ၍ စကားပြောလာပါသည်။
"အတာ...စာမေးပွဲနီးပြီနော်!စာတွေဘယ်လိုနေလဲ!""ဒီလိုပါပဲ ...ဟဲဟဲ ... စာတောင်မစုံသေးဘူး!"
ကိုစစ်ကတော့ ဘယ်သူ့ရှေ့မှမရှောင် ထိုနာမ်စားလေးကို ခေါ်တတ်ပါသည်။ကျွန်တော် ဘက်မှ ရိုးတိုးရှန်းတန်းဖြစ်နေသော်လည်း သူ့ဘက်ကတော့ ညီအကိုတယောက်လို သိပ်ကိုရိုးသားရှာပါတယ်...အဲ့လိုပြောလို့ ကျွန်တော်က သူ့အပေါ်မရိုးသားခြင်းတော့မဟုတ်ပါ... အဖြူ ထည် စစ်မဟုတ်ပင်မဲ့ နို့နှစ်ရောင်လေးတော့သန်းနေတယ်ထင်ပါရဲ့...ကျွန်တော် ထိုကတည်းက ရိပ်မိသင့်ပါသည်...ထိုနို့နှစ်ရောင်ကိုအရောင်ဆိုးချင်နေသူက ကျွန်တော်ကိုယ်တိုင် ဖြစ်မှန်းမသိဖြစ်နေတာကိုပေါ့...
အတာ ဆိုတဲ့အသုံးအနှုန်းကြောင့် စာတွက်နေတဲ့ညီမလေးက ကျွန်တော်တို့နှစ်ယောက်ကို မျက်လုံးလှန်ကြည့်သည်။ကျွန်တော်က ကိုယ့်စာကိုယ်တွက် စမ်း ဆိုသောအမူအရာပြလိုက်မှ ပြန်ကုတ်သွားရှာသည်။

YOU ARE READING
OPPOSITE
عاطفيةOppositeတဲ့ရိုးရှင်းပါတယ်...မြန်မာလိုဘာသာပြန်ရင်တော့ ဆန့ကျင်ဘက်ပေါ့...အရာအားလုံးဆန့်ကျင်ဘက်ဖြစ်နေတဲ့ လူနှစ်ယောက်အကြောင်းပါ...တကယ်ကို ရိုးရိုးရှင်းရှင်းလေးပါပဲ 💛 ကျွန်တော် ဒါလေးကိုရေးဖို့ စပြီးစိတ်ကူးမိတာကတော့ စိတ်ထဲမှာ ကိုစစ်ဆိုတဲ့နာမ်စားလေးကိုကောက...