"ဒေါက် ဒေါက်"
"ဒေါက် ဒေါက်"
"ကိုကို ထမင်းမစားသေးဘူး မိုးစက်! မေမေ့ကိုပြောလိုက်!"မိုးစက်ရဲ့ အချက်ပေး တံခါးခေါက်သံ ကို စောင်ထဲကနေ ပြန်ဖြေလိုက်သည်။မနေ့က ကိုစစ်ကို စိတ်ဆိုးပြီး ပြန်လာထဲက စောင်ထဲက ခုထိမထွက်ရသေးပါ..
ကိုစစ်များဖုန်းခေါ်မလား ဟူသော အတွေးဖြင့် ဖုန်းစက်ဖွင့်ထားသော်လည်း ငထွဋ် မှလွဲ၍ ကျန်အဝင် call မရှိ သည့်အတွက် ကိုစစ်ကို ထပ်လောင်း စိတ်ဆိုးရပြန်သည်။
ကိုစစ်ဟာ ကျွန်တော့်ကို နည်းနည်းလေးမှ အလျော့ပေးဖို့စိတ်ကူးမရှိဘူးလား!
ကျွန်တော်က စမခေါ်လျှင် ကိုစစ် စခေါ်ဖို့ စိတ်ကူးနည်းနည်းမျှမရှိဘူးလား!
ဒီတခါတော့ ကျွန်တော့်ရဲ့မာန နဲ့သက်ဆိုင်သွားပြီမို့
ကိုစစ်ကိုအလျော့ပေးဖို့မရှိပါ..!"ဒေါက်ဒေါက်..ဒေါက်ဒေါက်.!"
"ဘာလဲမိုးစက်ရာ ဝင်လာခဲ့!တံခါးဖွင့်ထားတယ်!"
"မေမေ့ကို ပြောလိုက် ကိုကိုမဆာသေးဘူးလို့!"
မိုးစက်ကို လှည့်မကြည့်ပဲ ကျောခိုင်းလျက် ဆောင့်ဆောင့်အောင့်အောင့်ပြောလိုက်သည်။သို့သော်ဘာဖြေသံမှမကြားရပဲ တိတ်ဆိတ်လို့နေသည်။"...."
ရုတ်တရက် နှာခေါင်းထဲသို့ တိုးဝင်လာတဲ့ ခရေ နံ့လေးက ကျွန်တော့်ရဲ့ နှလုံးသားကိုဆွဲဖျစ်ညစ်လိုက်သလိုပင်...လှည့်ကြည့်လိုက်တော့ ကုတင်ဘေးမှာရပ်နေသည်က မိုးစက်မဟုတ်ဘဲ ကိုစစ် ဖြစ်နေမယ်လို့ ဘယ်သူထင်ထားပါအံ့နည်း..
ကိုစစ်ရဲ့မျက်နှာက အတန်ငယ် ညိုးနွမ်းနေဟန်ရှိပြီး ကျွန်တော့်ကို တောင်းပန်ချင်နေသော အကြည့်များဖြင့် ခပ်တွေတွေကြည့်နေလေသည်။
ကျွန်တော်ဘာမျှမပြောခင်နိုင်မှာပဲ ကိုစစ်က ကျွန်တော့်အမည်နာမအား ခပ်တိုးတိုး ရွတ်လေသည်။"အတာ..!"
ကိုစစ် သိဖို့ကောင်းသည်။ကျွန်တော်က ကိုစစ် မချော့ခင်ကတည်း ကပျော့တတ်တဲ့ကောင်ဆိုတာ!
ကိုစစ်ရဲ့ မူပိုင် နာမ်စား 'အတာ' လို့ခေါ်လိုက်တာနဲ့ ကျွန်တော်က ခွေးပေါက်လေး တကောင်လို အမြီး တယမ်းယမ်းနဲ့ ကိုစစ်ပေးလာမဲ့ အမိန့်ကို နာခံဖို့အသင့်ရှိနေလျက်ပြီးသားပဲ... ကျွန်တော်က ကိုစစ်ဆီမှာ ဘယ်နှစ်ကြိမ်မှန်းမသိအောင်ကျ ရှုံးနေပြီးသားပါ..
![](https://img.wattpad.com/cover/204133378-288-k522485.jpg)
YOU ARE READING
OPPOSITE
RomanceOppositeတဲ့ရိုးရှင်းပါတယ်...မြန်မာလိုဘာသာပြန်ရင်တော့ ဆန့ကျင်ဘက်ပေါ့...အရာအားလုံးဆန့်ကျင်ဘက်ဖြစ်နေတဲ့ လူနှစ်ယောက်အကြောင်းပါ...တကယ်ကို ရိုးရိုးရှင်းရှင်းလေးပါပဲ 💛 ကျွန်တော် ဒါလေးကိုရေးဖို့ စပြီးစိတ်ကူးမိတာကတော့ စိတ်ထဲမှာ ကိုစစ်ဆိုတဲ့နာမ်စားလေးကိုကောက...