part(14)heartbroken

7.3K 1.2K 92
                                    

"မိဘမျက်နှာကို အိုးမဲသုတ်တဲ့အကောင် ဝမ်းရည်ဆက် တယ်"
တဲ့။အမေ့ရဲ့အပြစ်တင်သံက ကျွန်တော်ပါးကို ရိုက်ချလိုက်သလိုပဲ။ ဆယ်တန်းပြီးတော့လည်း အမေတို့တက်စေချင်တဲ့ကျောင်းကို နှစ်ချင်းပေါက် အောင်အောင် လုပ်ပေးခဲ့တာပဲ။အမေတို့သိပ်လိုချင်တဲ့ ဘွဲ့ကို လည်း ရအောင်ယူပေးခဲ့တာပဲ။
ကျွန်တော် ကိုစစ် ကို မေတ္တာရှိမိတာက အပြစ်ကြီး တစ်ခုဖြစ်သွားတာလား။
လွန်ခဲ့တဲ့သုံးနှစ် ကျွန်တော် third year ဖြေပြီးတဲ့ ရက်မှာ ကိုစစ်က ကျွန်တော့်ဆီပြန်မလာခဲ့ဘူး။သူဟာပျောက်ချင်းမလှကိုပျောက်သွားခဲ့တယ်။
ကိုစစ်အိမ်ကို လိုက်သွားတော့ အိမ်က သော့ခတ်ထားပြီး အနီးအနားက လူတွေကိုမေးကြည့်တော့ ကိုစစ်အဖေ ဆုံးသွားပြီး ထွက်သွားတာပဲတဲ့။ ကိုစစ်က သူ့အဖေဆုံးသွားတာကို ကျွန်တော့်ကို နည်းနည်းလေးမှ ထုတ်မပြောခဲ့ဘူး။ စံကား ရွာထိ လိုက်သွားပြီး မေးတော့လည်း တိကျတဲ့ အဖြေ ပြန်မရခဲ့။အဲ့သည့်နေ့ရက်တွေက ကျွန်တော့်အတွက်တော့ အရူးမီးဝိုင်းငရဲ ကျခဲ့တဲ့ ရက်တွေပါပဲ။

မူမမှန်တဲ့ကျွန်တော့်ကို မေမေက မေးတော့ ကျွန်တော်ဝန်ခံ မိလိုက်တယ်။ ကျွန်တော် က gay လို့။
မေမေက အဲ့နေ့မှာ အသည်းအသန်ငိုခဲ့တယ်။ ဖေဖေကတော့ အံ့သြခြင်းကြီးစွာဖြစ်ပြီး မေမေ့ကိုသာနှစ်သိမ့်နေသည်။မိုးစက်က သိပ်မတုန်လှုပ်ခဲ့။
မေမေက သူ့ကိုယ်သူဖြေသိမ့်သလိုနဲ့ ကျွန်တော့်ကို ပြောခဲ့တယ်။
"ငယ်သေးလို့ စိတ်ကစားတာနေမှာပါ" ဆိုပြီး။
အဲ့နေ့ကစပြီး မေမေက ကျွန်တော့်ကို သူ့အသိ ထဲက မိန်းကလေးတိုင်းနဲ့မိတ်ဆက်ပေးတော့သည်။

အမြဲဆိုးတိုင်ပင် ကောင်းတိုင်ပင်ဖြစ်ခဲ့တဲ့ သူမ...
သားသမီးရှေ့မှာ အမြဲ မားမားမတ်မတ် ရပ်တည်နိုင်တဲ့ ကျွန်တော်ရဲ့အမေက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့ပြီ။ မေမေ က ကျွန်တော့်ကို နားမလည်ပေးနိုင်ခဲ့ပါလား။ အနည်းဆုံးတော့ ဖေဖေက ကျွန်တော့်ကို ထိုးပြီး မေမေကတော့ လက်ခံပြီးဖေးမခဲ့မယ်လို့ထင်ခဲ့တဲ့ ကျွန်တော့်အတွေးတွေက သဲထဲရေသွန်ဖြစ်သွားတယ်။

မသစ္စာခတ်တို့ မိသားစုနဲ့ ဖြစ်ပျက် ခဲ့တဲ့အကြောင်းနဲ့ပတ်သတ်ပေး ကျွန်တော်နဲ့မေမေက ခပ်တန်းတန်း ဖြစ်နေတဲ့ဆက်ဆံရေးကနေ လျစ်လျူ ရှု တဲ့ ဆက်ဆံရေးအထိပြောင်းသွားသည်။
ဘွဲ့ယူတဲ့နေ့ကိုတောင် ခြေဦးလှည့်မလာခဲ့ပါ။ မေမေက သိပ်ကို ခေါင်းမာတယ်။
အမေ့ကိုယ်ကနေ ပေါက်ဖွားလာတဲ့ကျွန်တော်ကလည်း ဒီအတိုင်းပဲ။
ကျွန်တော် ရခဲ့တဲ့ မေမေ့ဆီက အမွေက အဲ့ဒီ့ခေါင်းမာတာ ဖြစ်မည်။

OPPOSITEWhere stories live. Discover now