part(11)Carnation

7.3K 1.2K 49
                                    

"ခဏကတွေ့လိုက်တဲ့ အန်တီက ဖေဖေ့မိန်းမလေ"

တိုက်ရိုက်ပြောခြင်းမဟုတ်ပင်မဲ့ ကျွန်တော်နားလည်သင့်သလောက်နားလည်လိုက်သည်။ကိုစစ်ရဲ့ ထိုစကားအတွက် မေးခွန်းလည်း ပြန်မမေးခဲ့သလို ဘာတခုမှကျွန်တော် ပြန်မပြောဖြစ်ခဲ့ပါ။

ခဏကြာတော့ အိမ်ရှေ့က ဟွန်တီးသံကိုကြားရသည်။ကိုစစ်က ပြတင်းပေါက်ကနေ တချက်လှမ်းကြည့်လိုက်ပြီး
"ကားရောက်ပြီအတာ သွားရအောင်!"

"အင်း..!"

အောက်ထပ်က အန်တီအား နှုတ်ဆက်ပြီး ကားဆီကို နှစ်ယောက်သား သွားကြသည်။ ဟိုက်ဂျက်ကား ဖြစ်ပြီး အနောက်ခန်းတွင် ပုံးများ ထားထားရာ နည်းနည်းစီလိုက်လျှင်တော့ ထိုင်စရာနေရာ တနေရာစာတော့ ထွက်လာမည်ဖြစ်သည်။ဟိုက်ဂျက်ကား ဆိုတော့ သိသည့်အတိုင်းပင် ရှေ့ခန်းက အနည်းငယ်ကြပ်သည်။ကိုစစ်က ဦးကြူးဆိုသည့်လူကို နှုတ်ဆက်နေသည်။ပြီးနောက် ကျွန်တော့်အား
"အတာ ကအရှေ့မှာထိုင်လိုက်လေ!အကို အနောက်မှာ ထိုင်လိုက်မယ်!"

"မဟုတ်တာ ကိုစစ် ရှေ့ခန်းမှာထိုင်လိုက်!"

သူတပြန်ကိုယ်တပြန်ငြင်းနေစဉ် ဦးကြူးဆိုသူက ဝင်ပြောလေသည်။

"ကဲကဲ ငြင်း မနေနဲ့တော့ နှစ်ယောက်လုံးရှေ့ခန်းမှာပဲ ထိုင်လိုက်ကြတော့လေ! ငါတူကြီးတွေက ပိန်ပိန်လေးတွေကို !တက်!တက်!"

မတတ်သာသည့်အဆုံးမှာတော့ သူ့အစီစဉ်ကိုသာလက်ခံလိုက်ကြသည်။ထိုင်ရတာ သိပ်သက်တောင့်သက်သာမရှိလှသော်လည်း ခုဏကအစီစဉ်ထက်တော့ပို၍ ကောင်းသည်။ခုဏကအတိုင်းသာဆိုလျှင် တယောက်တနေရာစီဖြစ်နေလိမ့်မည်။

ကားမောင်းနေစဉ် ကိုစစ်ဘက်ကစကား စမပြော !ဒီတိုင်း ဆိတ်ဆိတ်သာ ငြိမ်နေသည်။

"ကိုစစ် သီချင်းနားထောင်မလား!"

"အင်းကောင်းသားပဲ!"

နားကြပ်ကို ထုတ်ပေးကာ ကိုစစ်တဖက် ကျွန်တော်တဖက်တပ်ပေးလိုက်သည်။ ပြောရလျှင် ထိုနှစ်တွေက ကျွန်တော်သည်အတန်သင့်ပိုက်ဆံရှိမိသားစုမို့ screen phone ကိုကိုင်ရသည်။ ကိုစစ်ကတော့ keypadလေးသာကိုင်သည်။

OPPOSITEWhere stories live. Discover now