part(12)family cases

7.9K 1.1K 15
                                        

               <<စံကားရွာမှကြိုဆိုပါ၏>>

ရွာအဝင်လမ်းက ဖုန်တွေထနေသော်လည်း မိုးရာသီမို့ အဲ့သည်လောက်တော့ မဆိုး... ညနေခင်း ညီအကို မသိတသိအချိန်က ဒီလောက်လှမယ်လို့ ကျွန်တော် တခါမှမထင်ခဲ့ဘူး။နေလုံးကြီး တရိပ်ရိပ် ပျောက်ကွယ်စပြုလာပြီး ပုစွန်ဆီရောင် လွှမ်းခြုံနေတဲ့ ညနေခင်းဟာ ကိုစစ် နဲ့အတူ ပြည့်စုံနေတော့သည်။
ဘေးနားက စာရေးဆရာပေါက်စ ဖြစ်တဲ့ ကိုစစ်ကို တချက်တချက် အကဲခတ်မိပြီး ပြုံးမိသည်။
စိုင်းစိုင်းရဲ့ ဟို သီချင်းကိုတောင်သတိရသွားတယ်...
~~အိမ်ပြန်ချိန်ဆိုအတူလျှောက်လည်
နေဝင်ချိန်ဆို အတူရှိမယ်
ကိုယ်တကယ်ချစ်သော(ကောင်ကလေးနဲ့)
အတူရှိတဲ့ဘဝ ဘယ်လောက်ကောင်းလိုက်မလဲ~

*စာကြွင်း-ကောင်ကလေးနေရာမှာ မူရင်းကမိန်းကလေးပါ

"အတာ ဘာပြုံးနေတာလဲ.."

အို~~ ကျွန်တော်ပြုံးနေမိတာလား....အင်း ပျော်တယ်... ကိုစစ်နဲ့ကုန်ဆုံးရတဲ့ စက္ကန့်မိနစ်တိုင်းကို ကျွန်တော်ပြုံးနေမိမှာပဲ...ကိုစစ် ခဏခဏမေးနေရလိမ့်မယ်~~~

"မဟုတ်ပါဘူး..ကိုစစ်ရဲ့... မပြုံးပါဘူး."

ကိုစစ်က မျက်စောင်းထိုးကာ
"လိမ်တယ်.."

မလိမ်လို့ရမလား... ကိုစစ်ကို ကြည့်ရင်း ပိုပိုချစ်လာလို့ ပြုံးနေပါတယ်လို့ ပြန်ဖြေရမလား...ဒါဆို...

"ရောက်ခါနီးပြီအတာ.. ညောင်းနေပြီလား..!"

ကျွန်တော်မျက်နှာကို ချက်ချင်းရုပ်ပြောင်းရုပ်လွှဲလုပ်လိုက်သည်။ပင်ပန်းနွမ်းနယ်တဲ့ပုံစံ..
"အင်း..နည်းနည်း.. ညောင်းတော့ ညောင်းတယ်.."

ကိုစစ်က ခြေလှမ်းများရပ်သွားကာ
"အကိုကျောပိုးသွားရမလား.."

ရုတ်တရက် ကြီးကမ်းလှမ်းလာတဲ့စကားကြောင့် တံတွေးတောင်သီးသွားရသည်။
ကျွန်တော် ညောင်းတယ်ဆိုတာ လိမ်နေတာ...ဗျ

"ဟိုးထား..ကိုစစ်...ကျွန်တော် အဲ့လောက်မပျော့ပါဘူး...ပိုး ခြင်း ပိုး ကိုစစ်ကို ပိုးရမှာ...ချွေးတွေထွက်နေပြီ..ကြည့်စမ်း.."

ပြောရင်း ကျွန်တော့်ရဲ့ လက်ဖျံက အင်္ကျီ ကို လက်ခုံထိဆွဲချပြီး ကိုစစ်နဖူးက ချွေးစက်တွေကို ဖိသုတ်ပေးလိုက်သည်။ ကိုစစ်မျက်နှာက သိသိသာသာကို နီရဲလာသည်။ပါးနှစ်ဖက်နှင့် နားရွက်နှစ်ဖက်ဟာ နီတွတ်နေသည်။
"ဟင်...ကိုစစ်...ပါးတွေဘာလို့နီနေတာလား...နေလို့မကောင်းဘူးလား.."

OPPOSITEWhere stories live. Discover now