ဆယ်တန်းအောင်၍အဝယ်ပေးထားသည့် အနက်မှိန်ရောင် CBR ဆိုင်ကယ်လေးကို ကျောင်းမသွားခင် ထပ်ပြီး အဝတ်စနှင့်ပွတ်တိုက်လိုက်သည်။
တက္ကသိုလ်ကျောင်းတက်ရသည့် ပထမဆုံးရက်မို့
အင်္ကျီသစ် ဘောင်းဘီသစ် ဖိနပ်သစ် ဆိုင်ကယ်အုပ်ထုပ် အသစ် ဆိုင်ကယ်အသစ် နှင့် မို့ ကျောင်းသွားရန် တကြွကြွဖြစ်နေသည်။ကံကောင်းသည်က သင်္ကြန် တက်ရမည့် နည်းပညာတက္ကသိုလ်က အဖြူ နှင့်အပြာဝတ်ဆုံသတ်မှတ်ထားသော်လည်း ပုဆိုးအစား ဘောင်းဘီပြာ ဝတ်ခွင့်ပေးသည်မို့…သို့မဟုတ်လျှင် ဒီဆိုင်ကယ်အကြီးကြီးနှင့် ပုဆိုးနှင့်သာဆိုလျှင် ဂွကျလိုက်မည်ဖြစ်ခြင်း…ဆိုင်ကယ်အုပ်ထုပ်မဆောင်းမှီ ဆိုင်ကယ် ဘက်မှန် ကို တချက်ကြည့်ကာ နှဖူးပေါ်တွင်ခွေကျနေသော လှိုင်းတွန့်ဆံပင်များကို တချက်သပ်လိုက်သည်။ပြီးမှ ဆိုင်ကယ်အုပ်ထုပ်ကို ကျကျနန ဆောင်းကာ ဝတ်ဆုံပြည့်ဖြင့် Technological university
(TU) သို့ ထွက်ခွာလိုက်သည်။တစ်ခုဆိုးသည်က ကျောင်းကို တောင်ပေါ်မှာ မဆောက်ပဲ တောင်အောက်အေးသာယာထိ ဆင်းဆောက်ထားတာကတော့ သိပ်အဆင်မပြေလှ။ အတက်အဆင်းပေါင်းလျှင်ပင် တနာရီလောက်မောင်းရသည်မို့ပင်။ကျောင်းပင်မဆောင်က ဝင်ပေါက်ထွက်ပေါက်နှင့် တမိုင်ကျော်လောက်ကွာသည်။လမ်းလျှောက်နှေးသူကို ဆယ်မိနစ်ကျော်လောက်ကြာနိုင်ပြီး လမ်းလျှောက်မြန်သူ အဖို့တော့ ငါးမိနစ်လောက်ဆိုရောက်နိုင်ပါသည်။သို့သော် ကျွန်တော့်အဖို့တော့ ဆိုင်ကယ်အသစ်လေးကို လီဗာ နဲနဲတင်လိုက်လျှင်အဆင်ပြေပြီ။
မစောလွန်းမနောက်ကျလွန်းသော မနက်အချိန်မှာပင်
Canteen ကလူ ပြည့်လုနီးပါးဖြစ်နေသည်။ကျွန်တော့် ဆိုင်ကယ်လေးကို ဆိုင်ကယ် stand နား ဝင်ရပ်လိုက်တော့ canteen က မျက်စိတချို့ကကျရောက်လာသည်။ ဘာလို့လဲဆိုတော့ canteen ၏မနီးမဝေးနားတွင် ဆိုင်ကယ်ရပ်ရန်ထားပေးထားသည့်အတွက် သာမာန်ထပ် အရှိန်ပိုနေသော ကျွန်တော့်ဆိုင်ကယ်ကို မျက်စိ ကစားကြသည်မှာ ပုံမှန်ပင်။ဆိုင်ကယ်ရပ်ပြီးပြီးခြင်း ထွဋ်ခေါင် ၏ဖုန်းဝင်လာသည်။
"အင်း…ပြော"
"ငါမင်းကိုမြင်တယ်…CBR အနက်နဲ့မလား! ဘယ်ဘက် canteen ကိုဝင်လာ ငါအပြင်ဝိုင်းမှာထိုင်နေတယ်!"
![](https://img.wattpad.com/cover/204133378-288-k522485.jpg)
YOU ARE READING
OPPOSITE
Roman d'amourOppositeတဲ့ရိုးရှင်းပါတယ်...မြန်မာလိုဘာသာပြန်ရင်တော့ ဆန့ကျင်ဘက်ပေါ့...အရာအားလုံးဆန့်ကျင်ဘက်ဖြစ်နေတဲ့ လူနှစ်ယောက်အကြောင်းပါ...တကယ်ကို ရိုးရိုးရှင်းရှင်းလေးပါပဲ 💛 ကျွန်တော် ဒါလေးကိုရေးဖို့ စပြီးစိတ်ကူးမိတာကတော့ စိတ်ထဲမှာ ကိုစစ်ဆိုတဲ့နာမ်စားလေးကိုကောက...